ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားဖယောင်းကျေးရွာ၏ အနောက်ဖက်တောအတွင်း အမဲလိုက်ရန် အတူသွားသူ အချင်းချင်း အထင်မှားကာ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့်၂၀၁၆ စက်တင်ဘာလ (၃၀)ရက်နေ့ ညနေ(၆)ချိန်ခန့်က တစ်ဦးဒဏ်ရာရရှ်ိခဲ့ကြောင်း သိရသည်။
"ဌာနေပြည်သူ့စစ် ခေါင်းဆောင် ဦးကျအီးနဲ့ အဖွဲ့ဝင်(၇)ဦးက ဒဏ်ရာရထားတဲ့ သူတစ်ဦးရယ်၊ တူမီးနဲ့ပစ်တဲ့ တရားခံ တစ်ဦးရယ် ခေါ်လာပြီး အပ်နှံတယ်၊ တူမီးသေနတ်နဲ့ပစ်တာလို့သိရတယ် အပစ်ခံရသူအိုက်ဘိုရဲ့ ဝဲဘက် လက်မောင်းရင်းကနေ ဖောက်ဝင်ပေါက်ထွက်ပြီး ချိုင်းအောက် နံရိုးကြားထဲဝင်သွားတဲ့ ဒဏ်ရာကြောင့် ဆေးရုံပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျရှောင် (ခ) ကျဆော်ကို အရေးယူထားပါတယ်"ဟု နားကောင်းမူး ကျေးရွာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ကျော်မိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖြစ်စဉ်မှာ အိုက်ဘိုမှ တစ်ရွာတည်းနေထိုင်ခဲ့ဘူးသူ နားဖယောင်းရွာနေ ကျရှောင်(ခ)ကျဆော်အား တွေ့ရှိပြီး အမဲအတူလိုက်ရန် ခေါ်ခဲ့ကြောင်း၊ ကျရှောင်မှ ဖုန်းဆက်နေသဖြင့် ဆဲ၍ခေါ်ဆိုရာမှ မကျေမနပ်ဖြစ်ကာ တူမီးသေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် အိုက်ဘိုလဲကျသွားစဉ် ကျရှောင်မှာ အိမ်သို့ပြန်သွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ အိုက်ဘိုမှာ လဲကျနေရာမှ လျှိုအတွင်း သွားရောက်ပုန်းအောင်း၍ ဇနီးဖြစ်သူထံဖုန်း ဆက်ခဲ့ကြောင်း၊ ၎င်း၏ ဇနီး မနားလယ်မှ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးကျအီးထံ အကြောင်းကြား၍လိုက်လံရှာဖွေခဲ့ရာ၂၀၁၆ခုနှစ် အောက်တိုဘာ(၁)ရက်(နေ့ (၀၀း၃၀)ချိန်ခန့်တွင် အသံပေးခေါ်ယူရာမှ ဒဏ်ရာများဖြင့် အိုက်ဘိုအား ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
"ဌာနပြေည်သူ့စစ် ခေါင်းဆောင် ဦးကျအီးနဲ့ အဖွဲ့ဝင်(၇)ဦးက ဒဏ်ရာရထားတဲ့ သူတစ်ဦးရယ်၊ တူမီးနဲ့ပစ်တဲ့ တရားခံ တစ်ဦးရယ် ခေါ်လာပြီး အပ်နှံတယ်၊ တူမီးသေနတ်နဲ့ပစ်တာလို့သိရတယ် အပစ်ခံရသူအိုက်ဘိုရဲ့ ဝဲဘက် လက်မောင်းရင်းကနေ ဖောက်ဝင်ပေါက်ထွက်ပြီး ချိုင်းအောက် နံရိုးကြားထဲဝင်သွားတဲ့ ဒဏ်ရာကြောင့် ဆေးရုံပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျရှောင် (ခ) ကျဆော်ကို အရေးယူထားပါတယ်"ဟု နားကောင်းမူး ကျေးရွာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ကျော်မိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖြစ်စဉ်မှာ အိုက်ဘိုမှ တစ်ရွာတည်းနေထိုင်ခဲ့ဘူးသူ နားဖယောင်းရွာနေ ကျရှောင်(ခ)ကျဆော်အား တွေ့ရှိပြီး အမဲအတူလိုက်ရန် ခေါ်ခဲ့ကြောင်း၊ ကျရှောင်မှ ဖုန်းဆက်နေသဖြင့် ဆဲ၍ခေါ်ဆိုရာမှ မကျေမနပ်ဖြစ်ကာ တူမီးသေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် အိုက်ဘိုလဲကျသွားစဉ် ကျရှောင်မှာ အိမ်သို့ပြန်သွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ အိုက်ဘိုမှာ လဲကျနေရာမှ လျှိုအတွင်း သွားရောက်ပုန်းအောင်း၍ ဇနီးဖြစ်သူထံဖုန်း ဆက်ခဲ့ကြောင်း၊၎င်း၏ ဇနီး မနားလယ်မှ ဌာနပြေည်သူ့စစ်ခေါင်းဆောင် ဦးကျအီးထံ အကြောင်းကြား၍လိုက်လံရှာဖွေခဲ့ရာ၂၀၁၆ခုနှစ် အောက်တိုဘာ(၁)ရက်(နေ့ (ဝဝး၃၀)ချိန်ခန့်တွင် အသံပေးခေါ်ယူရာမှ ဒဏ်ရာများဖြင့် အိုက်ဘိုအား ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
"အိုက်ဘိုကို ရှာတွေ့တော့ နားဖယောင်းရွာကို ပြန်သယ်လာတယ်၊ ကျရှောင်ကို လည်းရွာကသူ့အိမ်မှာတွေ့တာနဲ့ ဖမ်းပြီး ရဲစခန်းကိုလာအပ်ခဲ့တာ"ဟု ပြည်သူ့စစ်ခေါင်းဆောင် ဦးကျအီးက ပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သူ ကျရှောင် (ခ) ကျဆော်အားနယ်မြေခံနားကောင်းမှူးရဲစခန်းတွင် (ပ)၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃၀၇)အရ အမှုဖွင့်ကာ အရေးယူးထားကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - အောင်ဇေယျ