တာချီလိတ်မြို့တွင်း ရွှေတိဂုံဘုရားလမ်း ထပ်ပိုးလွှာခင်းပြီး သတ်မှတ်ရက် မတိုင်မီ သွားလာခွင့်ပြုလိုက်သဖြင့် ကျောက်မှုန့်များ ရှိနေမည်ဖြစ်သော်လည်း ကတ္တရာလမ်း ရေရှည်တည်တံ့စေရန် လမ်းပေါ်သို့ရေလောင်း၊ ရေဖျန်းခြင်း မပြုရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ နှိုးဆော်ထားသည်။
“အများပြည်သူများ အနေဖြင့်လည်း ကတ္တရာလမ်း ရေရှည် တည်တံစေရန်အတွက် လမ်းပေါ်သို့ရေလောင်း၊
ရေဖြန်း ခြင်းများ မပြုလုပ်ကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် နှိုးဆော် ဖေါ်ပြထားသည်။
အဆိုပါ လမ်းပိုင်းမှာ အများပြည်သူအဓိက အသုံးပြုနေသည့် လမ်းမကြီးဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက် ပြီးသည်နှင့်တစ်ပြိုင်နက် သတ်မှတ်ရက်မရောက်မီ ပြန်လည်အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်ပြီး လမ်းပေါ်မှ ကျောက်မူန့်များ ရှင်းလင်းခြင်း၊ ပလက်ဖောင်းများရေဆေးခြင်းအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“အများပြည်သူများ အနဖြေင့်လည်း ကတ္တရာလမ်း ရေရှည် တည်တံစေရန်အတွက် လမ်းပေါ်သို့ရေလောင်း၊
ရဖြေန်း ခြင်းများ မပြုလုပ်ကြပါရန် တိုက်တွန်းနိူးဆော်အပ်ပါသည်”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာတွင် နှိုးဆော် ဖော်ပြထားသည်။
ရွှေတိဂုံဘုရားလမ်းအပေါ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ဘတ်ဂျက်ထည့်သွင်းလျာထားခြင်းမရှိသော်လည်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမူကော်မတီတို့ ညှိနှိုင်းပြီး အောက်တိုဘာလ (၁၈) ရက်နေ့က စတင်လုပ်ဆောင်ခဲ့ပြီး အောက်တိုဘာလ (၂၁) ရက်နေ့တွင် လုပ်ငန်းပြီးစီးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းမှာ အများပြည်သူအဓိက အသုံးပြုနေသည့် လမ်းမကြီးဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက် ပြီးသည်နှင့်တစ်ပြိုင်နက် သတ်မှတ်ရက်မရောက်မီ ပြန်လည်အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းနှင့် အောက်တိုဘာလ(၂၂)ရက်နေ့ ညပိုင်းတွင် စည်ပင်သာယာရေးဌာနမှ တာချီလိတ်ရွှေတိဂုံဘုရားလမ်း၏ လမ်းဘေးနှစ်ဖက်လမ်းတစ်လျှောက်ရှိ ပလက်ဖောင်းများအား ရေဆေးခြင်းနှင့် လမ်းပေးတွင် ကျန်ရှိနေသည့် ကျောက်မှုန့်များအား လှဲကျင်းသိမ်းဆည်းနေကြောင်း သိရသည်။ တိုက်တွန်းနိူးဆော်အပ်ပါသည်။