ထိုင်းနိုင်ငံ MEKONG CHALLENGE စက်ဘီးစီးအဖွဲ့မှ မဲခေါင်မြစ် မှ ဧရာဝတီမြစ် (၁၅)ရက်အကြာ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ ချင်းခေါင်မှ စတင်၍ အောက်တိုဘာလ(၁၅)ရက်နေ့က ထွက်ခွာလာရာ အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်သို့ ရောက်ရှိလာသည်။
ဓာတ်ပုံ - ပညာအောင်
အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံ တာချီလိတ်မှ တဆင့်၊ ကျိုင်းတုံ၊ ပြင်ဦးလွင်၊ မန္တလေး၊ ပဲခူး၊ ကျိုက်ထို၊ မော်လမြိုင်၊ မြဝတီ ထိုမှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်ဝင်ရောက်မှာ ဖြစ်ကြောင်း သိရသည်။
ယင်းအဖွဲ့တွင် ထိုင်းနိုင်ငံသား (၃၁)ဦး နှင့် မြန်မာနိုင်ငံသား (၂)ဦး ပါဝင်ရာ စုစုပေါင်း (၃၃)ဦး ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ပညာအောင်