မႏၱေလးၿမိဳ႕တြင္ ႏုိင္ငံေရးတက္ၾကြ လႈပ္ရွားသူမ်ားႏွင့္ ျပည္သူမ်ားပါဝင္သည့္ လူေပါင္း (၃၀၀)ခန္႔က
ျပည္တြင္းစစ္ပြဲမ်ား ရပ္တန္႔ေပးေရး ေတာင္းဆို လူထုလႈပ္ရွားမႈတစ္ခုကို ေအာက္တိုဘာလ (၁၅)ရက္ေန႔က လုပ္ေဆာင္ၾကသည္။
အဆိုပါလူထုသည္ ၂၆လမ္း × ၇၈လမ္းမွ စတင္ၿပီး က်ဳံးေဘးတေလ်ွာက္မွ ၿမိဳ႕ေတာ္ခန္းမေရွ႕အထိ ညေန (၄)နာရီမွ စတင္၍ ဖေယာင္းတိုင္ထြန္းညႇိလွည့္လည္ၿပီး ဆုေတာင္းပြဲမ်ားျပဳလုပ္ၾကသည္။
မႏၱေလးမွ ျမ၀တီဆရာေတာ္က ၿငိမ္းခ်မ္းေရးတရားေဟာေျပာခဲ့ၿပီး ကဗ်ာဆရာ ေမာင္ေႏြထက္က ၿငိမ္းခ်မ္းေရးကဗ်ာကို ရြတ္ဆိုကာ ကခ်င္တိုင္းရင္းသားမ်ားျဖစ္ေသာ ေဒၚလမိုင္ထြယ္ရာႏွင့္ ေမာင္ေနာ္ထြယ္တို႔က ၿငိမ္းခ်မ္းေရးအေၾကာင္း ေဟာေျပာၾကေၾကာင္း သိရသည္။
တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)လက္မွတ္ေရးု ထုိးျခင္း ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ အခမ္းအနားကို ေအာက္တိုဘာ (၁၅) ရက္ေန႔ နံနက္ပိုင္းက ေနျပည္ေတာ္၌ က်င္းပခဲ့ခ်ိန္တြင္ မႏၱေလးလူထုလႈပ္ရွားမႈကို လုပ္ေဆာင္လိုက္ျခင္းျဖစ္သည္။
သတင္း/ဓာတ္ပံု - ေရႊေဇာ္
ပြည်တွင်းစစ်ပွဲများ ရပ်တန့်ပေးရေး တောင်းဆို လူထုလှုပ်ရှားမှုတစ်ခုကို အောက်တိုဘာလ (၁၅)ရက်နေ့က လုပ်ဆောင်ကြသည်။
အဆိုပါလူထုသည် ၂၆လမ်း × ၇၈လမ်းမှ စတင်ပြီး ကျုံးဘေးတလျှောက်မှ မြို့တော်ခန်းမရှေ့အထိ ညနေ (၄)နာရီမှ စတင်၍ ဖယောင်းတိုင်ထွန်းညှိလှည့်လည်ပြီး ဆုတောင်းပွဲများပြုလုပ်ကြသည်။
မန္တလေးမှ မြဝတီဆရာတော်က ငြိမ်းချမ်းရေးတရားဟောပြောခဲ့ပြီး ကဗျာဆရာ မောင်နွေထက်က ငြိမ်းချမ်းရေးကဗျာကို ရွတ်ဆိုကာ ကချင်တိုင်းရင်းသားများဖြစ်သော ဒေါ်လမိုင်ထွယ်ရာနှင့် မောင်နော်ထွယ်တို့က ငြိမ်းချမ်းရေးအကြောင်း ဟောပြောကြကြောင်း သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးု ထိုးခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ (၁၅) ရက်နေ့ နံနက်ပိုင်းက နပြေည်တော်၌ ကျင်းပခဲ့ချိန်တွင် မန္တလေးလူထုလှုပ်ရှားမှုကို လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်