ခွဲခြားဆက်ဆံမှုများကြောင့် LGBTများ အတွက် အလုပ်အကိုင် ရရှိရန် ခက်ခဲနေ
ခွဲခြားဆက်ဆံမှုများကြောင့် LGBTများ အတွက် အလုပ်အကိုင် ရရှိရန် ခက်ခဲနေ
အောကျတိုဘာ 30, 2016
By Tachileik News Agency
လိင်စိတ်ခံယူမှု ကွဲပြားသူများ အနေဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်နိုင်ခွင့်ရှိသည့် စွမ်းရည်များကို အသိအမှတ်ပြု မခံရဘဲ ရှိနေကြောင်း လိင်စိတ်ခံယူမှုကွဲပြားသူများ အခွင့်အရေးလှုပ်ရှားသူများထံမှ သိရသည်။
လိင်စိတ်ကွဲပြားသူများ အနေဖြင့် ငယ်ရွယ်စဉ်ကျောင်းနေအရွယ်မှ စတင်ပြီး ခွဲခြားဆက်ဆံခံရမှုများကြောင့် စိတ်ဒဏ်ရာရရှိကာ ပညာဆုံးခန်းတိုင်အောင် မသင်ရခြင်း၊ လုပ်ငန်းခွင်အတွင်း ခွဲခြား ဆက်ဆံ ခံရမှုများကြောင့် အလုပ်မမြဲခြင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆေးကုသမှု ခံယူရာတွင် ခွဲခြားဆက်ဆံ ခံနေရခြင်းများလည်း ရှိနေသည်ဟု အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ TRYက ဆိုသည်။
လိင်စိတ်ခံယူမှု ကွဲပြားသူများနှင့် ပတ်သက်၍ ပြည်သူများ သတင်းအချက်အလက်များကိုသာ သိရှိနေပြီး စနစ်တကျ ပညာပေးခြင်း လုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် ခွဲခြားဆက်ဆံမှုကင်းစင်သည့် လူ့ဘောင်တစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ဂေးအခွင့်အရေးလှုပ်ရှားနေသောအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် လိင်စိတ်ကွဲပြားသူများအား အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေခြင်း၊ ဆွေးနွေးပွဲများကို TRYမှ ဦးဆောင်ပြီး လုပ်ငန်းရှင်များ၊ ဂေးများနှင့်စိတ်ပါဝင်စားသူများက တစ်နှစ်လျှင် (၆) ကြိမ်ဆွေးနွေးပွဲများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေဇော်
~~~~~~~~⊰❂ unicode ~~~~~~~~
လိင်စိတ်ခံယူမှု ကွဲပြားသူများ အနဖြေင့်၎င်းတို့၏ လုပ်ငန်းလုပ်နိုင်ခွင့်ရှိသည့် စွမ်းရည်များကို အသိအမှတ်ပြု မခံရဘဲ ရှိနေကြောင်း လိင်စိတ်ခံယူမှုကွဲပြားသူများ အခွင့်အရေးလှုပ်ရှားသူများထံမှ သိရသည်။
“လိင်စိတ်ကွဲပြားသူတွေက စွမ်းဆောင်ရည်တွေရှိတယ်။ သူများနဲ့မတူတဲ့ ရှုထောင့်တွေကနေ အောင်မြင်တဲ့ လုပ်ငန်းတွေ လုပ်နိုင်ပေမဲ့ ခွဲခြား ဆက်ဆံခံနေရဆဲပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးခွဲခြား ဆက်ဆံ ခံနေရမှုတွေကြောင့် လိင်စိတ်ကွဲပြားသူတွေဟာ စိတ်ကူးကောင်းတွေ ရှိပေမဲ့လည်း အလုပ် ကောင်းကောင်းလေးတွေ မရကြဘူး။ တချို့ လမ်းဘေး ဈေးသည်ဖြစ်ကြတယ်။ ရရာအလုပ်တွေ လုပ်ရတယ်။ တချို့ဆိုရင် စားဝတ်နေရေးအတွက် လိင်လုပ်သားအဖြစ် အသုံးချခံရတာတွေ ဖြစ်ကြရပါတယ်။” ဟု LGBT(Les-bian, Gay, Bisexual and Transgender) အရေးတက်ကြွလှုပ်ရှားသူ ရှင်းသန့်က ဆိုသည်။
လိင်စိတ်ကွဲပြားသူများ အနဖြေင့် ငယ်ရွယ်စဉ်ကျောင်းနေအရွယ်မှ စတင်ပြီး ခွဲခြားဆက်ဆံခံရမှုများကြောင့် စိတ်ဒဏ်ရာရရှိကာ ပညာဆုံးခန်းတိုင်အောင် မသင်ရခြင်း၊ လုပ်ငန်းခွင်အတွင်း ခွဲခြား ဆက်ဆံ ခံရမှုများကြောင့် အလုပ်မမြဲခြင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆေးကုသမှု ခံယူရာတွင် ခွဲခြားဆက်ဆံ ခံနေရခြင်းများလည်း ရှိနေသည်ဟု အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ TRYက ဆိုသည်။
“အခုဆိုရင် လူအများရဲ့မျက်လုံးထဲမှာ ဂေး(Gay)တွေအပေါ် ခွဲခြားဆက်ဆံမှုတွေတော့ နည်းလာပေမဲ့ ရှိတော့ ရှိနေပါသေးတယ်။ သူတို့တွေဟာ သူများနဲ့မတူတဲ့ ရှုထောင့်တွေကနေ အောင်မြင်လာအောင် လုပ်နိုင်တာ ချီးကျူးစရာကောင်းပါတယ်။ ဂေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ရင်ကောင်း ပါတယ်။”ဟု ပွဲစား၊ကုန်သည်များကထိန်တော်အသင်းမှ ဒုဥက္ကဌ ဦးချွန်က ပြောသည်။
လိင်စိတ်ခံယူမှု ကွဲပြားသူများနှင့် ပတ်သက်၍ ပြည်သူများ သတင်းအချက်အလက်များကိုသာ သိရှိနပြေီး စနစ်တကျ ပညာပေးခြင်း လုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် ခွဲခြားဆက်ဆံမှုကင်းစင်သည့် လူ့ဘောင်တစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ဂေးအခွင့်အရေးလှုပ်ရှားနေသောအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကိုယ့်သူငယ်ချင်းတွေထဲမှာလည်း ဒီလိုလူမျိုးတွေအများကြီးရှိတယ်။ သူတို့ကို နှိမ်တာလည်း မရှိပါဘူး။ ဒါပေမဲ့ တစ်ခုပြောချင်တာက ကျောင်းဆရာလုပ်တဲ့ ဂေးတစ်ယောက်က ကျောင်းဆရာလိုဝတ်လေ။ သူကငါဟာ လူတိုင်းကလက်ခံထားတဲ့ ဂေးဆိုပြီး ကျောင်းဆရာမလို ဝတ်လို့ရမလား။” ဟု မစောက ဆိုသည်။
လက်ရှိအချိန်တွင် လိင်စိတ်ကွဲပြားသူများအား အလုပ်အကိုင် အခွင့်အလမ်းများရှာဖွခြေင်း၊ ဆွေးနွေးပွဲများကို TRYမှ ဦးဆောင်ပြီး လုပ်ငန်းရှင်များ၊ ဂေးများနှင့်စိတ်ပါဝင်စားသူများက တစ်နှစ်လျှင် (၆) ကြိမ်ဆွေးနွေးပွဲများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေဇော်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~