ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၏ အထင်ကရဖြစ်သည့် ထီးပွင့်ကန်တော်တွင် အုတ်ရိုးများကြောင့် ကန်၏ အခြေအနေ ပြောင်းလဲလာသဖြင့် အုတ်ရိုးများ ပြန်လည် ဖြိုဖျက်မည်ဖြစ်ကြောင်း ထီးပွင့်ကန်တော်ကျောင်းရှိ ဂေါပကထံမှ သိရသည်။
ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင်ဆည်၏ အရှေ့တောင်ဘက်ရှိ ထီးပွင့်ကန် တောင်တန်း သာသနာပြု ဘုန်းတော်ကြီးကျောင်း၏ သာသနာ့မြေ ပရ၀ုဏ်အတွင်း၌ တည်ရှိသည့် ထီးပွင့်ကန်သည် အလျား(၂၂၇)ပေနှင့် အနံ (၁၁၅) ပေရှိပြီး ရွံ့နုန်းမြေများက ထီးပွင့်သဏ္ဍာန်ဖြင့် ရေပြင်ပေါ် ပေါ်နေခြင်းဖြစ်သည်။
ထီးပွင့်ကန်သည် ဘူမိဗေဒသဘောအရ မြေပြင်အနီးကပ် ဖြစ်ထွန်းလာသည့်မီးတောင်ဟောင်းဖြစ်ပြီး သဲနှုန်းပွင့်တို့သည် လပြည့်၊ လကွယ်များတွင် အမြဲဖြစ်ပေါ်တတ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
“ဘေးမှာ ကာထားတဲ့ အုတ်ရိုးတွေကို ပြန်ဖြိုပစ်မှာပါ။ အခုဆို အုတ်နံရံတွေကာထားတော့ ထီးသိပ်မပွင့်တော့ အပွင့်နည်းလာတယ်။ တစ်ပွင့်နှစ်ပွင့်ပဲရှိတယ်။ အရင်အုတ်ရိုးမကာခင်က (၃) ပွင့်၊ (၄) ပွင့်ဆင့်ဆင့်ပွင့်တယ်။ ဓာတ်မတည့်တာလား ဘာလား မပြောတတ်ဘူး။” ဟု ထီးပွင့်ကန်တော်ကျောင်း ဂေါပက ဦးသူရိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင်ဆည်၏ အရှေ့တောင်ဘက်ရှိ ထီးပွင့်ကန် တောင်တန်း သာသနာပြု ဘုန်းတော်ကြီးကျောင်း၏ သာသနာ့မြေ ပရဝုဏ်အတွင်း၌ တည်ရှိသည့် ထီးပွင့်ကန်သည် အလျား(၂၂၇)ပေနှင့် အနံ (၁၁၅) ပေရှိပြီး ရွံ့နုန်းမြေများက ထီးပွင့်သဏ္ဍာန်ဖြင့် ရပြေင်ပေါ် ပေါ်နခြေင်းဖြစ်သည်။
“အရင်ကတော့ ထီးပွင့်တာများပါတယ်။ အခုဆို တစ်ပွင့် တစ်ပွင့်ပဲတွေ့ရတယ်။ အုတ်တွေ ကာပြီးနောက်ပိုင်းမှာ ဖြစ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထီးပွင့်ကန်သည် ဘူမိဗေဒသဘောအရ မြပြေင်အနီးကပ် ဖြစ်ထွန်းလာသည့်မီးတောင်ဟောင်းဖြစ်ပြီး သဲနှုန်းပွင့်တို့သည် လပြည့်၊ လကွယ်များတွင် အမြဲဖြစ်ပေါ်တတ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို