ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ဂျာမဏီနိုင်ငံမှ ကူညီထောက်ပံ့ရေးအဖွဲ့များဖြစ်သည့် Malteser International၊ Giz တို့ဖြင့် ပူးပေါင်းဖွင့်လှစ်သည့် အရန်သားဖွား သင်တန်းသို့ သင်တန်းသူ(၂၅) ဦးတက်ရောက်နေကြောင်း သိရသည်။
"ကျွန်မတို့ Malteser International အဖွဲ့ကနေပြီး ဖွံ့ဖြိုးမှု မရှိသေးတဲ့ ကျေးရွာတွေကို လိုက်လံ ရှာဖွေပြီးတော့ လူမှုကူညီရေးတွေ လုပ်ပေးနေတာပါ " ဟု MS KATHERINA က ပြောသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
"ကျွန်မတို့ Malteser International အဖွဲ့ကနပြေီး ဖွံ့ဖြိုးမှု မရှိသေးတဲ့ ကျေးရွာတွေကို လိုက်လံ ရှာဖွပြေီးတော့ လူမှုကူညီရေးတွေ လုပ်ပေးနေတာပါ " ဟု MS KATHERINA က ပြောသည်။
အဆိုပါ သင်တန်းအား မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံရှိ ခန်းမတွင် အောက်တိုဘာလ (၁၄)က ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းမှာ (၆)လကြာမြင့်မှာ ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ မြို့နယ်မှာ ကျန်းမာရေး အသိပညာနည်းပါးတဲ့ ကျေးရွာတွေအတွက် ကျန်းမာရေး အသိပညာပေးနိုင်အောင်နဲ့ အရံသားဖွားသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဂျာမဏီ လူမှုကူညီရေး အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ပြောသည်။
သင်တန်းဖွင့်ပွဲသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ Malteser International နှင့် Giz တို့မှ တာဝန်ရှိသူများ၊ မိုင်းဖြတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ