ေယာက္ဖျဖစ္သူကို တူမီးေသနတ္ျဖင့္ ပစ္သတ္ၿပီး ထြက္ေျပးသူက ရဲတပ္ဖြဲ႕ကို ခုခံေန၍ ပစ္ခတ္ ဖမ္းဆီးလိုက္ရ

ေယာက္ဖျဖစ္သူကို တူမီးေသနတ္ျဖင့္ ပစ္သတ္ၿပီး ထြက္ေျပးသူက ရဲတပ္ဖြဲ႕ကို ခုခံေန၍ ပစ္ခတ္ ဖမ္းဆီးလိုက္ရ
အောက်တိုဘာ 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ ဝမ္လံုးေက်း႐ြာအုပ္စု မကာေက်း႐ြာတြင္ ေယာက္ဖျဖစ္သူအား တူမီးေသနတ္ျဖင့္ပစ္၍ ထြက္ေျပးတိမ္းေရွာင္ၿပီး ပုန္းခိုရာလယ္တဲမွေန၍ ရဲတပ္ဖြဲ႕ကိုလက္နက္ျဖင့္ ျပန္လည္ခုခံသျဖင့္ ေသနတ္ျဖင့္ ႏွစ္ခ်က္ပစ္၍ ဖမ္းဆီးလုိက္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တရားခံရဲ႕ တူမီးေသနတ္ကို ယူၿပီးၾကည့္ေတာ့ ယမ္းေတြထည့္ထားတာေတြလို႔ လူလြတ္ရာကို ယူၿပီးေတာ့ ပစ္လိုက္ရပါတယ္" ဟု ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေဆထက ေျပာသည္။

ေအာက္တိုဘာလ(၁၈)ရက္ေန႔ နံနက္ (၇)နာရီ၀န္းက်င္က တူမီးေသနတ္ျဖင့္ ပစ္ခတ္၍ လူတစ္ဦးေသဆံုး ေၾကာင္းသတင္းရရိွသျဖင့္ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာသို႔ သြားေရာက္ရာ ေသနတ္ျဖင့္ပစ္ခတ္သူက ထြက္ေျပးသြားသျဖင့္ ရဲတပ္ဖြဲ႕မွ ႏွစ္ဖြဲ႔ခြဲ၍ ရြာသူႀကီးမ်ားႏွင့္အတူ လိုက္လံရွာေဖြရာ တရားခံအား လယ္တဲထဲတြင္ ေတြ႔ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ သတင္းရ ရခ်င္း အခင္းျဖစ္ပြားတဲ့ ေနရာကို တပ္ဖြဲ႔ဝင္ေတြနဲ႔ အတူ ခ်က္ခ်င္း လိုက္သြားၿပီး တရားခံ ဖမ္းမိေရးကို ေဆာင္ရြက္ခဲ့ပါတယ္" ဟု မိုင္ျဖတ္ရဲစခန္းမွဴး ဒုရဲမွဴး ခင္ေမာင္ေဌးက ႊTachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ)သို႔ ေျပာသည္။

တရားခံအား အဖမ္းခံရန္ ေျပာေသာ္လည္း တူမီးေသနတ္ႏွင့္ ဓါးတစ္လက္ကိုင္ေဆာင္ကာ ထြက္လာၿပီး တူမီးေသနတ္ျဖင့္ ဖမ္းဆီးေရးအဖြဲ႔အား ခ်ိန္ရြယ္ထားသျဖင့္ ေသနတ္ျဖင့္ ႏွစ္ခ်က္ပစ္ခတ္၍ ဖမ္းဆီးလိုက္ရာ တရားခံ၏ ယာဘက္ေပါင္အား ရွပ္ထိမွန္ခဲ့ေသာ္လည္း တရားခံက တူမီးေသနတ္ႏွင့္ ဓါးအား ကိုင္ေဆာင္ထားဆဲ ျဖစ္သျဖင့္ တပ္ဖြဲ႔ဝင္မ်ားက လံုးေထြး ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

"ကြ်န္ေတာ္ရဲ႕ ေယာက္ဖ ေတာ္စပ္သူဆီကို ပိုက္ဆံသြားေတာင္းပါတယ္။ ေယာက္ဖက ပိုက္ဆံမေပးလို႔ ကြ်န္ေတာ့္မွာ ပါလာတဲ့ တူမီးေသနတ္နဲ႔ ပစ္သတ္လိုက္တာပါ"ဟု တူမီးေသနတ္ျဖင့္ပစ္သတ္ခဲ့သူ တရားခံ ဦးအိုက္ထြန္းက ေျပာသည္။

ေသဆံုးသူမွာ အသက္ (၄၀)အရြယ္ အိုက္ေက်ာက္(ခ)အိုက္ရီေက်ာက္ျဖစ္ၿပီး ေယာက္ဖျဖစ္သူ အသက္ (၄၈)ႏွစ္အရြယ္ ဦးအိုက္ထြန္း၏ တူမီးေသနတ္ျဖင့္ ပစ္သည့္ဒဏ္ရာျဖင့္ ေသဆံုးသြားေၾကာင္း သိရသည္။

လက္ရိွတြင္ အေလာင္းအား မိုင္းျဖတ္ၿမိဳ႕ရွိ သဂၤဟလူမႈကူညီေရးအသင္းမွ ျပည္သူ႔ေဆး႐ံုသို႔ သယ္ေဆာင္ေပးခဲ့ၿပီး အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ရဲလုပ္ငန္းအတိုင္း စစ္ေဆးလ်ွက္ရွိေၾကာင္းသိရွိရသည္။

လူသတ္မႈႏွင့္ ပတ္သက္၍ မိုင္းျဖတ္ရဲစခန္းတြင္ (ပ)၁၂/၂၀၁၆ ျဖင့္ အမႈဖြင့္ၿပီး ဥပေဒပုဒ္မ ၃၀၂ ျဖင့္ အေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္း သတင္းရရိွသည္။

သတင္း/ဓါတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု မကာကျေးရွာတွင် ယောက်ဖဖြစ်သူအား တူမီးသေနတ်ဖြင့်ပစ်၍ ထွက်ပြေးတိမ်းရှောင်ပြီး ပုန်းခိုရာလယ်တဲမှနေ၍ ရဲတပ်ဖွဲ့ကိုလက်နက်ဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် နှစ်ချက်ပစ်၍ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

"ကျွန်တော်တရားခံရဲ့ တူမီးသေနတ်ကို ယူပြီးကြည့်တော့ ယမ်းတွေထည့်ထားတာတွေလို့ လူလွတ်ရာကို ယူပြီးတော့ ပစ်လိုက်ရပါတယ်" ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆေထက ပြောသည်။

အောက်တိုဘာလ(၁၈)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က တူမီးသေနတ်ဖြင့် ပစ်ခတ်၍ လူတစ်ဦးသေဆုံး ကြောင်းသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်ရာ သေနတ်ဖြင့်ပစ်ခတ်သူက ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့မှ နှစ်ဖွဲ့ခွဲ၍ ရွာသူကြီးများနှင့်အတူ လိုက်လံရှာဖွေရာ တရားခံအား လယ်တဲထဲတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ သတင်းရ ရချင်း အခင်းဖြစ်ပွားတဲ့ နေရာကို တပ်ဖွဲ့ဝင်တွေနဲ့ အတူ ချက်ချင်း လိုက်သွားပြီး တရားခံ ဖမ်းမိရေးကို ဆောင်ရွက်ခဲ့ပါတယ်" ဟု မိုင်ဖြတ်ရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ဌေးကွှTachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ)သို့ ပြောသည်။

တရားခံအား အဖမ်းခံရန် ပြောသော်လည်း တူမီးသေနတ်နှင့် ဓားတစ်လက်ကိုင်ဆောင်ကာ ထွက်လာပြီး တူမီးသေနတ်ဖြင့် ဖမ်းဆီးရေးအဖွဲ့အား ချိန်ရွယ်ထားသဖြင့် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်၍ ဖမ်းဆီးလိုက်ရာ တရားခံ၏ ယာဘက်ပေါင်အား ရှပ်ထိမှန်ခဲ့သော်လည်း တရားခံက တူမီးသေနတ်နှင့် ဓားအား ကိုင်ဆောင်ထားဆဲ ဖြစ်သဖြင့် တပ်ဖွဲ့ဝင်များက လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

"ကျွန်တော်ရဲ့ ယောက်ဖ တော်စပ်သူဆီကို ပိုက်ဆံသွားတောင်းပါတယ်။ ယောက်ဖက ပိုက်ဆံမပေးလို့ ကျွန်တော့်မှာ ပါလာတဲ့ တူမီးသေနတ်နဲ့ ပစ်သတ်လိုက်တာပါ"ဟု တူမီးသေနတ်ဖြင့်ပစ်သတ်ခဲ့သူ တရားခံ ဦးအိုက်ထွန်းက ပြောသည်။

သေဆုံးသူမှာ အသက် (၄၀)အရွယ် အိုက်ကျောက်(ခ)အိုက်ရီကျောက်ဖြစ်ပြီး ယောက်ဖဖြစ်သူ အသက် (၄၈)နှစ်အရွယ် ဦးအိုက်ထွန်း၏ တူမီးသေနတ်ဖြင့် ပစ်သည့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

လက်ရှိတွင် အလောင်းအား မိုင်းဖြတ်မြို့ရှိ သဂငှ်လူမှုကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ပေးခဲ့ပြီး အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရဲလုပ်ငန်းအတိုင်း စစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။

လူသတ်မှုနှင့် ပတ်သက်၍ မိုင်းဖြတ်ရဲစခန်းတွင် (ပ)၁၂/၂၀၁၆ ဖြင့် အမှုဖွင့်ပြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~