ပညာရေးဝန်ထမ်းလိုအပ်ချက်ကြောင့် ဘွဲ့ရထားပြီးသော သူများအား ကန်ထရိုက်စနစ်ဖြင့် အထက်တန်းပြ ဆရာများအဖြစ် ခန့်ထားမည့် ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်မှာ သင်ကြားရေးပိုင်းမှ ဆရာများအပေါ် မျှတမှု မရှိကြောင်း ပညာရေးအသိုင်းအဝန်းက ဝေဖန်လိုက်သည်။
ပြည်သူ့လွှတ်တော်၏ အောက်တိုဘာ(၃)ရက်နေ့က ကျင်းပခဲ့သော အစည်းအဝေးတွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းက၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းခွဲ (၃၁၉)ကျောင်းအား အဆင့်မြှင့်တင်ကာ တစ်ကျောင်းလျှင် (၇)ဦးနှုန်းဖြင့် လိုအပ်သည့် ဆရာ/ဆရာမပေါင်း (၂,၂၃၃)ဦးအား ဘွဲ့ရရှိထားသူများကို ကန်ထရိုက်စနစ်ဖြင့် အထက်တန်းပြ ဆရာများအဖြစ် ခန့်အပ် ဖြည့်ဆည်းသွားမည်ဟု ပြောကြားမှုနှင့်ပတ်သက်၍ ပညာရေးအသိုင်းအ၀န်းများထံမှ ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ကန်ထရိုက်စနစ်ဖြင့် ဆရာခန့်ထားရေးအား ကန့်ကွက်လှုပ်ရှားမှုအနေဖြင့် လူမှုကွန်ရက် Facebook စာမျက်နှာတွင် “We just want professional teachers!၊ We don’t want unprofessional jobless!၊ Stop Contract Teachers” ဟူသော စာများ ရေးသားထားသည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။
သတင်း - ကိုဇက်
"ကျွန်တော်တို့ဆိုတာ ပညာသင်ကြားရေး အပိုင်းကို (၅)နှစ်လောက် သင်ကြားလေ့လာပြီးမှ လက်တွေ့ ကျောင်းတွေမှာ သင်ကြားပေးရတာ။ အခုက ရိုးရိုး(၃)နှစ်နဲ့ ဘွဲ့ရတဲ့သူက စာသင်မယ်ဆိုတော့ ကျွန်တော်တို့တွေ (၅)နှစ်သင်ထားတဲ့သူတွေ နစ်နာတာပေါ့။ ဒီလိုလုပ်လို့ရရင် အရင်ကတည်းက ရိုးရိုးအေဝးသင်ပဲ တက်ပြီး စာသင်မှာပေါ့"ဟု စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား ကိုခိုင်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်သူ့လွှတ်တော်၏ အောက်တိုဘာ(၃)ရက်နေ့က ကျင်းပခဲ့သော အစည်းအေဝးတွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းက၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းခွဲ (၃၁၉)ကျောင်းအား အဆင့်မြှင့်တင်ကာ တစ်ကျောင်းလျှင် (၇)ဦးနှုန်းဖြင့် လိုအပ်သည့် ဆရာ/ဆရာမပေါင်း (၂,၂၃၃)ဦးအား ဘွဲ့ရရှိထားသူများကို ကန်ထရိုက်စနစ်ဖြင့် အထက်တန်းပြ ဆရာများအဖြစ် ခန့်အပ် ဖြည့်ဆည်းသွားမည်ဟု ပြောကြားမှုနှင့်ပတ်သက်၍ ပညာရေးအသိုင်းအဝန်းများထံမှ ဝေဖန်မှုများ ထွက်ပေါ်နခြေင်း ဖြစ်သည်။
"ပညာသင်ကြားဖို့အတွက် စနစ်တကျ သင်ကြားထားခြင်းမရှိတဲ့ လူတစ်ယောက်ကို အထက်တန်းပြအဖြစ် ခန့်ထားမယ်ဆိုတာ မဖြစ်သင့်ဘူး။ အထူးထုတ်ဖတ်ပြီး ပြန်သင်ပြလို့ရတဲ့ အခြေအနေ မဟုတ်ဘူး။ ကလေးတွေရဲ့ ပညာရေးဟာလည်း စိုးရိမ်စရာ ဖြစ်သွားလိမ့်မယ်။ ကျွန်တော့်ကျောင်းမှာ ဆရာ လိုအပ်ချက်ကြောင့် အလုပ်ခေါ်ဖူးတယ်။ မဟာဝိဇ္ဇာတန်း၊ မဟာသိပ္ပံတန်းပြီးတဲ့ သူတွေလာလျှောက်ပေမဲ့ ပညာသင်ကြားရေးပိုင်းမှာ သင်ကြားခဲ့ဖူးခြင်းမရှိတော့ အဆင်လုံးဝမပြေဘူး"ဟု တာချီလိတ် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ပြောသည်။
ကန်ထရိုက်စနစ်ဖြင့် ဆရာခန့်ထားရေးအား ကန့်ကွက်လှုပ်ရှားမှုအနဖြေင့် လူမှုကွန်ရက် Facebook စာမျက်နှာတွင် “We just want professional teachers!၊ We don’t want unprofessional jobless!၊ Stop Contract Teachers” ဟူသော စာများ ရေးသားထားသည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို လုပ်ဆောင်နကြေသည်ကို တွေ့ရသည်။
အဆိုပါစနစ်နှင့် ပတ်သက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်များမှလည်း အပြင်းအထန် ကန့်ကွက်ထားကြောင်း သိရသည်။
သတင်း - ကိုဇက်