မြန်မာ့ဆက်သွယ်ရေးမှ တပ်ဆင်အသုံးပြုထားသည့် Drop Wire ဖုန်းကြိုးများကို အသက် (၇၀) နှစ်ခန့် အမျိုးသားတစ်ဦးက ဖြတ်တောက် ခိုးယူခဲ့ခြင်းဖြစ်ပြီး မြိ်တ်မြို့မ ရဲစခန်းမှ အမှတ် (၂) နယ်မြေ ရဲကင်းမှူး ဒုရဲအုပ် ကျော်ဆန်းဦးနှင့် အဖွဲ့က လှည့်ကင်းတာဝန်များ ထမ်းဆောင်နေစဉ် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်၊ ရေတွင်းလမ်းသွယ် အရောက်တွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ခေါ်ယူ စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည်၊ Drop Wire ဖုန်းကြိုး (၅၀) မီတာခန့်မှန်း ကြိုးခွေ (၁) ခု၊ (၂၅) မီတာခန့် ကြိုးခွေ (၁) ခု၊ (၁၅) မီတာခန့် ကြိုးခွေ (၅) ခု၊ စုစုပေါင်း ဖုန်းကြိုးခွေ (၇) ခုနင့် ဝါယာကြိုးဖြတ်ရာတွင် အသုံးပြုသည့် ညှပ်ပလာရာ (၁) ခုကို တွေ့ရှိပြီး၎င်းမှ ဖုန်းကြိုးများကို ဖြတ်တောက် ခိုးယူလာကြောင်း ဝန်ခံထွက်ဆိုထားကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။
Drop Wire ဖုန်းကြိုးများကို ဖြတ်တောက်ခိုးယူသူ ဦးနေထွန်းအား မြိတ်မြို့မရဲစခန်းတွင် (ပ) ၁၇၅၇/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ အမှုဖွင့်လှစ် ထားကြောင်း သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)