ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆို - ဒေါတမကြီးလမ်း မိုင်တိုင်အမှတ် ၁၆/၇ နှင့် ၁၇ မိုင်ကြား၌ အောက်တိုဘာလ (၂၀) ရက် နံနက် (၉)နာရီခန့်တွင် ဒေါညေးခူရွာဘုန်းကြီးကျောင်း ကထိန်အလှူသို့ သွားသည့် ကားတစ်စီး တိမ်းမှောက်သဖြင့် (၆)ဦးသေဆုံးပြီး (၃၀)ကျော် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
အဆိုပါ ယာဉ်တွင် ဒီးမော့ဆိုမြို့နယ်၊ ဆည်မြောင်းရပ်ကွက်၊ ငွေတောင်ကျေးရွာနေသူများနှင့် ဆည်မြောင်း ဝန်ထမ်းများ လိုက်ပါလာခြင်းဖြစ်ပြီး ကားဘရိတ်ပေါက်ပြီး ပက်လက်လှန် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူ (၃၅) ဦးနှင့် ကျောင်းသားနှင့် ကလေးငယ်များ အပါအဝင် (၄) ဦးပွဲချင်းပြီး သေဆုံးပြီး (၁) ဦးမှာ ဒီးမော့ဆိုဆေးရုံအရောက်တွင် သေဆုံးသွားကာ (၁) ဦးမှာ လွိုင်ကော်ဆေးရုံသို့ အရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒီးမော့ဆို မြို့မရဲစခန်းမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းအား ဒီးမော့ဆိုမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း