ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်နစ်မြုပ်သွားသော အမြန်ရေယာဉ်အား အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ (၄)နာရီဝန်းကျင်က ဆယ်ယူနိုင်လိုက်ကြောင်း သိရသည်။
အမြန်ရေယာဉ်တိမ်းမှောက်မှုတွင် ပါဝင်သွားသည့် ပျောက်ဆုံးခရီးသည်များ၏ မိသားစုဝင်များသည် အဆိုပါ ရေယာဉ်ဆယ်ယူရာ နေရာတွင် ရောက်နေကြပြီး ပျောက်ဆုံးခရီးသည်များကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ကနီလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
ခရီးသည် (၃၀၀) စီးနင်းလာသည့် အမြန်ရေယာဉ်သည် အောက်တိုဘာလ(၁၅)ရက်နေ့က တိမ်းမှောက်သွားခြင်းဖြစ်ပြီး နစ်မြုပ်ရေယာဉ်နှင့်အတူ ပျောက်ဆုံးခရီးသည်များ ရှာဖွေမှုကို လုပ်ဆောင်နေခြင်းဖြစ်သည်။
အမြန်ရေယာဉ်တိမ်းမှောက်မှုတွင် ပါဝင်သွားသည့် ပျောက်ဆုံးခရီးသည်များ၏ မိသားစုဝင်များသည် အဆိုပါ ရေယာဉ်ဆယ်ယူရာ နေရာတွင် ရောက်နကြပြေီး ပျောက်ဆုံးခရီးသည်များကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ကနီလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
ခရီးသည် (၃၀၀) စီးနင်းလာသည့် အမြန်ရေယာဉ်သည် အောက်တိုဘာလ(၁၅)ရက်နေ့က တိမ်းမှောက်သွားခြင်းဖြစ်ပြီး နစ်မြုပ်ရေယာဉ်နှင့်အတူ ပျောက်ဆုံးခရီးသည်များ ရှာဖွေမှုကို လုပ်ဆောင်နခြေင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ရန်နိုင်စိုး