တာချီလိတ်မြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် သီတင်းကျွတ်ပွဲတော်ကို ရှမ်းရိုးမကွင်းအတွင်း ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာ့ရိုးရာခြင်းလုံး အလှခတ် ပြသသွားမှာ ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာအစားအစာများကိုလည်း ရောင်းချသွားမှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ မြန်မာ့ခြင်းလုံး ၀ါသနာရှင်များ အနေဖြင့် တာချီလိတ်၌ ကျင်းပပြုလုပ်မည့် သီတင်းကျွတ်ပွဲတော်တွင် အဖွဲ့လိုက် ၀င်ရောက် ခြင်းခတ်အလှပြလိုပါက ပွဲတော်မကျင်းပမီနေ့ အထိ ညနေ(၄)နာရီတွင် တာချီလိတ်မြို့ ဆက်သွယ်ရေးရုံးရှေ့၊ သစ်တောရုံးဝန်းအတွင်းရှိ ခြင်းဝိုင်းသို့ လာရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ခြင်းလုံးတာဝန်ခံ ဦးအောင်ကျော်ဝင်းစိန်၏ မြန်မာဖုန်း ( 09250857449 )သို့လည်း ဆက်သွယ်၍ စုံစမ်းမေးမြန်းကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
"ရှမ်းရိုးမကွင်းမှာ ကျင်းပဖို့ ခွင့်ပြုချက်စာလည်း တင်ထားပါပြီ၊ မြန်မာ့ရိုးရာခြင်းလုံး နဲ့ ပတ်သက်ပြီး အလှခတ်တာတွေပါမယ်၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ကနပြေီးတော့ လူငယ်တွေရဲ့ အဆို၊ အကတွေပါပါမယ်၊ မြန်မာ့ရိုးရာအစား အစာတွေပါဝင်တဲ့ မုန့်ဈေးတန်းလည်း လုပ်မှာပါ။"ဟု ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ နာယက ဦးခင်မောင်မြင့်က ပြောသည်။
ပွဲတော်အတွင်း တစ်ကိုယ်တော် ခြင်းလုံးအလှခတ်ပြရန်အတွက် မန္တလေးတိုင်းလက်ရွေးစင် ရွှေတံဆိပ်ဆုရှင် မသန္တာကျော် နှင့် စင်္ကာပူ ဆီးဂိမ်းပြန် မောင်နေဇင်ဖြိုးတို့မှ လာရောက်ပြီး ပြသမှာ ဖြစ်ကြောင်း သိရသည်။
"အလှခတ်ဝိုင်းခြင်းရယ်၊ တစ်ကိုယ်တော် အလှခတ်ခြင်းရယ် ပါဝင်မှာပါ၊ တစ်ကိုယ်တော် အလှခတ်ခြင်းမှာတော့ မန္တလေးတိုင်းက ရွှေတံဆိပ်ဆုရှင် နဲ့ စင်္ကာပူဆီးဂိမ်းပြန် နှစ်ဦးလာမှာပါ၊ တာချီလိတ်မှာ ရှိတဲ့ ခြင်းလုံးဝါသနာရှင်များ အနေနဲ့လည်း ဒီပွဲတော်မှာ လာရောက်ပြီးတော့ အလှခတ်ပြနိုင်ဖို့အတွက် တစ်ယောက်စီမဟုတ်ဘဲ ကိုယ့်ဝိုင်းနဲ့ကိုယ်လာရောက်ပြီးတော့ ပြသနိုင်ဖို့ ကျွန်တော့်ဆီမှာ စာရင်းပေးသွင်းနိုင်ပါတယ်"ဟု ပွဲတော်အတွင်း ခြင်းလုံးတာဝန်ခံ ဦးအောင်ကျော်ဝင်းစိန်က ပြောသည်။
တာချီလိတ်မြို့ရှိ မြန်မာ့ခြင်းလုံး ဝါသနာရှင်များ အနဖြေင့် တာချီလိတ်၌ ကျင်းပပြုလုပ်မည့် သီတင်းကျွတ်ပွဲတော်တွင် အဖွဲ့လိုက် ဝင်ရောက် ခြင်းခတ်အလှပြလိုပါက ပွဲတော်မကျင်းပမီနေ့ အထိ ညနေ(၄)နာရီတွင် တာချီလိတ်မြို့ ဆက်သွယ်ရေးရုံးရှေ့၊ သစ်တောရုံးဝန်းအတွင်းရှိ ခြင်းဝိုင်းသို့ လာရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ခြင်းလုံးတာဝန်ခံ ဦးအောင်ကျော်ဝင်းစိန်၏ မြန်မာဖုန်း ( 09250857449 )သို့လည်း ဆက်သွယ်၍ စုံစမ်းမေးမြန်းကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်အား အောက်တိုဘာလ (၁၅)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ(၁၆)ရက်နေ့အထိ ညနေ(၆)နာရီအချိန်များတွင် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။