စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာၿမိဳ႕ ရံုးႀကီးရပ္ကြက္ရိွ ခ်ယ္ရီတည္းခိုခန္း၏ အခန္းတြင္းေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းအား ေအာက္တိုဘာ (၈) ရက္ေန႔ ညေန (၄)နာရီခန္႔က ေတြ႕ရိွရေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။
တည္းခိုခန္းအတြင္း အပုပ္နံ႔ရသျဖင့္ လိုက္လံရွာေဖြရာမွ တည္းခိုခန္း၏ (၅)ထပ္ေျမာက္ အခန္းနံပါတ္ (၅၀၆) တြင္ ေသဆံုးပုပ္ပြေနသည့္ အေလာင္းအား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
"အေလာင္းကို စစ္ေဆးၾကည့္ေတာ့ တုတ္နဲ႔ ရိုက္သတ္ခံရထားရတဲ့ ဒဏ္ရာကို ေတြ႕ရိွရတယ္္။ အတူလာတည္းတဲ့ သူ႔အခန္းေဖာ္က (၇) ရက္ေန႔က ျပန္သြားတယ္လို႔ သိရတယ္။ အခု အေလာင္း အေနအထားအရ ေသဆံုးတာ နွစ္ရက္ေလာက္ ၾကာၿပီလို႔ ခန္႔မွန္းလို႔ရပါတယ္။ ရိုက္နွက္ရာမွာ အသံုးျပဳထားတဲ့ တုတ္ကိုလည္း သက္ေသခံ ပစၥည္းအေနနဲ႔ သိမ္းဆည္းထားပါတယ္" ဟု မံုရြာၿမိဳ႕မစခန္းမွ ဒုရဲအုပ္ ေဇာ္ေဇာ္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေသဆံုးသူမွာ မင္းကင္းၿမိဳ႕နယ္ ယားရြာမွ ဦးသိန္းေဆြ ဆိုသူျဖစ္ေၾကာင္း သိရၿပီး ဦးေခါင္းဝဲဘက္တြင္ ေၾကမြဒဏ္ရာျဖင့္ ခႏၶာကိုယ္အား ေစာင္မ်ားျဖင့္ အုပ္၊ ေခါင္းအံုးမ်ားျဖင့္ ဖိလ်ွက္ေတြ႔ရေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ခ်ယ္ရီတည္းခိုခန္းမန္ေနဂ်ာ ဦးေသာင္းေဌးက တရားလို ျပဳလုပ္၍ အမႈဖြင့္တိုင္တန္းရာ မံုရြာၿမိဳ႕မရဲစခန္းတြင္ (ပ)၁၄၅၇/၂၀၁၆ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၇ ျဖင့္ စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။
သတင္း - ရန္ႏိုင္စိုး
တည်းခိုခန်းအတွင်း အပုပ်နံ့ရသဖြင့် လိုက်လံရှာဖွေရာမှ တည်းခိုခန်း၏ (၅)ထပ်မြောက် အခန်းနံပါတ် (၅၀၆) တွင် သေဆုံးပုပ်ပွနေသည့် အလောင်းအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
"အလောင်းကို စစ်ဆေးကြည့်တော့ တုတ်နဲ့ ရိုက်သတ်ခံရထားရတဲ့ ဒဏ်ရာကို တွေ့ရှိရတယ်။ အတူလာတည်းတဲ့ သူ့အခန်းဖော်က (၇) ရက်နေ့က ပြန်သွားတယ်လို့ သိရတယ်။ အခု အလောင်း အနေအထားအရ သေဆုံးတာ နှစ်ရက်လောက် ကြာပြီလို့ ခန့်မှန်းလို့ရပါတယ်။ ရိုက်နှက်ရာမှာ အသုံးပြုထားတဲ့ တုတ်ကိုလည်း သက်သေခံ ပစ္စည်းအနေနဲ့ သိမ်းဆည်းထားပါတယ်" ဟု မုံရွာမြို့မစခန်းမှ ဒုရဲအုပ် ဇော်ဇော်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သေဆုံးသူမှာ မင်းကင်းမြို့နယ် ယားရွာမှ ဦးသိန်းဆွေ ဆိုသူဖြစ်ကြောင်း သိရပြီး ဦးခေါင်းဝဲဘက်တွင် ကြေမွဒဏ်ရာဖြင့် ခန္ဓာကိုယ်အား စောင်များဖြင့် အုပ်၊ ခေါင်းအုံးများဖြင့် ဖိလျှက်တွေ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ချယ်ရီတည်းခိုခန်းမန်နေဂျာ ဦးသောင်းဌေးက တရားလို ပြုလုပ်၍ အမှုဖွင့်တိုင်တန်းရာ မုံရွာမြို့မရဲစခန်းတွင် (ပ)၁၄၅၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇ ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး