တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ မှ ကြီးမှူးပြီး ပထမအကြိမ်အဖြစ် သီတင်းကျွတ် ပွဲတော်ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်း အတွင်း၌ အောက်တိုဘာလ(၁၅)ရက်နေ့ ညနေ(၆)နာရီမှစ၍ ကျင်းပပြုလုပ်နေလျှက်ရှိပြီး အဆိုပါ ပွဲတော်အား အောက်တိုဘာလ(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်သည်။
ဓာတ်ပုံ - #ကိုဇက်
ယင်းပွဲတော်တွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ပွဲ နှင့် ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြန်မာ့ရိုးရာ အစားအစာ ရောင်းချခြင်းတို့ဖြင့် ထည့်သွင်းကျင်းပပြုလုပ်နေလျှက်ရှိပြီး မြန်မာ့ရိုးရာအစားအစာများကို ဝယ်ယူရန်အတွက် လက်မှတ်များကို ရောင်းချပေးနေလျှက်ရှိကာ အဆိုပါ လက်မှတ်များဖြင့် ရိုးရာ အစားအစာများကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - #ကိုဇက်