ထုိင္းႏုိင္ငံနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္နယ္စပ္ၿမိဳ႕တြင္ ထိုင္းႏိုင္ငံမွ တင္သြင္းေနသည့္ ေအးခဲအသားမ်ားကို ေဒသတြင္းစားသံုးရန္သာ တင္ခြင့္ျပဳထားျခင္းျဖစ္ၿပီး အျခားေဒသတင္ပို႔ရာတြင္ အသားအရည္အေသြးမျပည့္ဝေတာ့သျဖင့္ ကန္႔သတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
"မယ္ဆိုင္က ေအးခဲအသားတင္သြင္းခြင့္ျပဳထားတာ အဓိက တာခ်ီလိတ္ၿမိဳ႕ေပၚက လူေတြနဲ႔ မိုင္းဆတ္ဘက္က ေဒသခံေတြ စားသံုးဖို႔အတြက္ပဲ။ က်ိဳင္းတံု၊ ေတာင္ႀကီးနဲ႔ တျခားေဒသကို ျပန္လည္ေရာင္းခ်ဖို႔ သယ္ေဆာင္ လာရင္ေတာ့ ဖမ္းဆီးသိမ္းဆည္းၿပီး အေရးယူမွာ။ ဒါက ဘာလို႔လဲဆိုေတာ့ ေအးခဲအသားဆိုတာ စနစ္တက် အေအးခန္းနဲ႔ထားၿပီး ေရာင္းခ်ရတာ။ တျခားေဒသေတြ ယူသြားတဲ့အခါ အသားေတြက အရည္အေသြး မျပည့္၀ေတာ့တဲ့အျပင္ စားသံုးသူေတြကိုပါ ထိခိုက္ႏိုင္တဲ့အတြက္ စစ္ေဆးမႈေတြေဆာင္ရြက္တာပါ"ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္၊ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။
အျခားေဒသမ်ားသို႔ ေအးခဲအသားမ်ားသယ္ေဆာင္မႈအား တားျမစ္ႏုိင္ရန္ တာခ်ီလိတ္ၿမိဳ႕အထြက္ မယ္ယန္းစုေပါင္းဂိတ္တြင္ စနစ္တက် စစ္ေဆးသြားမည္ျဖစ္သည့္အျပင္ က်ိဳင္းတံုၿမိဳ႕ စားသံုးသူေရးရာ ဦးစီးဌာနအေနျဖင့္လည္း ပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ရြက္သြားရန္ မွာၾကားထားေၾကာင္း ၎မွေျပာသည္။
"ဒီေအးခဲအသားတင္သြင္းတယ္ဆိုတာ တိရစာၦန္ေမြးျမဴေရးနဲ႔ ကုသေရးဦးစီးဌာနမွာ ေထာက္ခံခ်က္ယူရတယ္။ ဒီစာရြက္စာတမ္းေတြပါမွ တာခ်ီလိတ္ကို သယ္လို႔ရတာ။ အရင္တုန္းကေတာ့ တစ္ပိုင္တစ္ႏိုင္နဲ႔ လူတိုင္းသယ္တယ္။ အခု(၂)ႏွစ္ေလာက္ရွိၿပီ။ တရား၀င္ တင္သြင္းတဲ့ကုမၸဏီေတြရွိလာတာ"ဟု ကုန္သည္ ဦးျမင့္ႏိုင္က ေျပာသည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသ၏ ေဒသတြင္းအသား၊ ငါးထုတ္လုပ္မႈမွာ ေဒသစားသံုးရန္ မလံုေလာက္သျဖင့့္
ထိုင္းႏိုင္ငံမွ ေအးခဲအသား/ငါး ကီလိုခ်ိန္(၂)ေထာင္ေက်ာ္ခန္႔ကို ေန႔စဥ္တင္သြင္းေနရျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ကိုဇက္
"မယ်ဆိုင်က အေးခဲအသားတင်သွင်းခွင့်ပြုထားတာ အဓိက တာချီလိတ်မြို့ပေါ်က လူတွေနဲ့ မိုင်းဆတ်ဘက်က ဒေသခံတွေ စားသုံးဖို့အတွက်ပဲ။ ကျိုင်းတုံ၊ တောင်ကြီးနဲ့ တခြားဒေသကို ပြန်လည်ရောင်းချဖို့ သယ်ဆောင် လာရင်တော့ ဖမ်းဆီးသိမ်းဆည်းပြီး အရေးယူမှာ။ ဒါက ဘာလို့လဲဆိုတော့ အေးခဲအသားဆိုတာ စနစ်တကျ အအေးခန်းနဲ့ထားပြီး ရောင်းချရတာ။ တခြားဒေသတွေ ယူသွားတဲ့အခါ အသားတွေက အရည်အသွေး မပြည့်ဝတော့တဲ့အပြင် စားသုံးသူတွေကိုပါ ထိခိုက်နိုင်တဲ့အတွက် စစ်ဆေးမှုတွေဆောင်ရွက်တာပါ"ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
အခြားဒေသများသို့ အေးခဲအသားများသယ်ဆောင်မှုအား တားမြစ်နိုင်ရန် တာချီလိတ်မြို့အထွက် မယ်ယန်းစုပေါင်းဂိတ်တွင် စနစ်တကျ စစ်ဆေးသွားမည်ဖြစ်သည့်အပြင် ကျိုင်းတုံမြို့ စားသုံးသူရေးရာ ဦးစီးဌာနအနဖြေင့်လည်း ပညာပေးလုပ်ငန်းများ လုပ်ဆောင်ရွက်သွားရန် မှာကြားထားကြောင်း၎င်းမှပြောသည်။
"ဒီအေးခဲအသားတင်သွင်းတယ်ဆိုတာ တိရစာ္ဆန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှာ ထောက်ခံချက်ယူရတယ်။ ဒီစာရွက်စာတမ်းတွေပါမှ တာချီလိတ်ကို သယ်လို့ရတာ။ အရင်တုန်းကတော့ တစ်ပိုင်တစ်နိုင်နဲ့ လူတိုင်းသယ်တယ်။ အခု(၂)နှစ်လောက်ရှိပြီ။ တရားဝင် တင်သွင်းတဲ့ကုမ္ပဏီတွေရှိလာတာ"ဟု ကုန်သည် ဦးမြင့်နိုင်က ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ ဒေသတွင်းအသား၊ ငါးထုတ်လုပ်မှုမှာ ဒေသစားသုံးရန် မလုံလောက်သဖြင့်
ထိုင်းနိုင်ငံမှ အေးခဲအသား/ငါး ကီလိုချိန်(၂)ထောင်ကျော်ခန့်ကို နေ့စဉ်တင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇက်