ေတာင္ႀကီးၿမိဳ႕ စီးပြားေရးဇုန္ေရွ႕တြင္ ပရိုေဘာက္စ္ယာဥ္တစ္စီး မီးေလာင္

ေတာင္ႀကီးၿမိဳ႕ စီးပြားေရးဇုန္ေရွ႕တြင္ ပရိုေဘာက္စ္ယာဥ္တစ္စီး မီးေလာင္
အောက်တိုဘာ 8, 2016
By Tachileik News Agency

ေတာင္ႀကီးၿမိဳ႕ စီးပြားေရးဇုန္ေရွ႕တြင္ ေအာက္တိုဘာလ (၈) ရက္ ညေန (၅) နာရီ (၄၅) မိနစ္၀န္းက်င္က ကားတစ္စီးအပူရွိန္လြန္ကဲ၍ မီးေလာင္မႈျဖစ္ပြားေၾကာင္း သိရသည္။

“ကားေမာင္းတဲ့ သူကေတာ့ မီးလန္႔ၿပီး ေၾကာက္လို႔ ထြက္ေျပးသြားတယ္။ ခိုလမ္ဘက္ကေန ေမာင္းလာတဲ့ ကားလို႔ သိရတယ္။ ကားပိုင္ရွင္ကို ကညနကေန ဆက္သြယ္ပါမယ္။ ဒီကားက လိုင္စင္မဲ့ယာဥ္ ဟုတ္မဟုတ္ စစ္ေဆးေနပါတယ္။ ဂိတ္ကေန ေျပးဆြဲေနတဲ့ယာဥ္ မဟုတ္ပါဘူး” ဟု အမွတ္(၁)ေတာင္ႀကီး ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေအာင္ေဇာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခိုလမ္ၿမိဳ႕မွ ေတာင္ႀကီးၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ ခရီးသည္ (၇)ဦး လိုက္ပါလာသည့္ ပရိုေဘာက္ အျဖဴေရာင္ယာဥ္သည္ ေတာင္ႀကီးၿမိဳ႕ စီးပြားေရးဇုန္ေရွ႕အေရာက္တြင္ ကားအပူရွိန္လြန္ကဲကာ ကား၀ါယာေရွာ့ ျဖစ္ၿပီး ကားေရွ႕ခန္း မီးစတင္ေလာင္ကၽြမ္းရာ ယာဥ္ေမာင္းမွာ ထြက္ေျပး တိမ္းေရွာင္သြားေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈအား မီးသတ္တပ္ဖြဲ႕ႏွင့္ အမွတ္ (၁)ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွတာ၀န္ရွိသူမ်ား စုစုေပါင္း (၂၀)ဦးျဖင့္ မီးၿငိမ္းသတ္ခဲ့ရာ မီးေလာင္မႈျဖစ္ပြားၿပီး ဆယ္မိနစ္ခန္႔ အၾကာတြင္ မီးၿငိမ္းသတ္ႏုိင္ခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရသူမရိွေၾကာင္း သိရသည္။

ထြက္ေျပးတိမ္းေရွာင္ေနသည့္ ယာဥ္ေမာင္းအား ကား၀ါယာႀကိဳးမ်ားအား ေပါ့ေလ်ာ့စြာ အသံုးျပဳ ေမာင္းနွင္သျဖင့္ ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ) ၅၁၁/၂၀၁၆ ၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅/၂၀၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့ စီးပွားရေးဇုန်ရှေ့တွင် အောက်တိုဘာလ (၈) ရက် ညနေ (၅) နာရီ (၄၅) မိနစ်ဝန်းကျင်က ကားတစ်စီးအပူရှိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

“ကားမောင်းတဲ့ သူကတော့ မီးလန့်ပြီး ကြောက်လို့ ထွက်ပြေးသွားတယ်။ ခိုလမ်ဘက်ကနေ မောင်းလာတဲ့ ကားလို့ သိရတယ်။ ကားပိုင်ရှင်ကို ကညနကနေ ဆက်သွယ်ပါမယ်။ ဒီကားက လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ် စစ်ဆေးနေပါတယ်။ ဂိတ်ကနေ ပြေးဆွဲနေတဲ့ယာဉ် မဟုတ်ပါဘူး” ဟု အမှတ်(၁)တောင်ကြီး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်ဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခိုလမ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော ခရီးသည် (၇)ဦး လိုက်ပါလာသည့် ပရိုဘောက် အဖြူရောင်ယာဉ်သည် တောင်ကြီးမြို့ စီးပွားရေးဇုန်ရှေ့အရောက်တွင် ကားအပူရှိန်လွန်ကဲကာ ကားဝါယာရှော့ ဖြစ်ပြီး ကားရှေ့ခန်း မီးစတင်လောင်ကျွမ်းရာ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့နှင့် အမှတ် (၁)တောင်ကြီးမြို့မရဲစခန်းမှတာဝန်ရှိသူများ စုစုပေါင်း (၂၀)ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ မီးလောင်မှုဖြစ်ပွားပြီး ဆယ်မိနစ်ခန့် အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းအား ကားဝါယာကြိုးများအား ပေါ့လျော့စွာ အသုံးပြု မောင်းနှင်သဖြင့် တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၅၁၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၂၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~