တာချီလိတ်မှ ကျိုင်းတုံသို့ စစ်သည်များ တင်ဆောင်လာသော တပ်မတော်ယာဉ်တစ်စီးသည် ၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၀)ရက် နေ့လယ်(၁၂)နာရီခွဲဝန်းကျင်က ကျိုင်းတုံမြို့ ပန်ကွဲတောင်အဆင်းတွင် တိမ်းမှောက်မှု ဖြစ်ပွားရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၇)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ခုတင်(၃၀၀)ဆံ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျှက်ရှိကြောင်း နှင့် အဆိုပါ တပ်မတော်ယာဉ်မှာ ကျိုင်းတုံမြို့ အမှတ်(၃၈၂) အမြောက်တပ်ရင်းမှ ဖြစ်ကြောင်း ကနဦး သိရှိရသည်။