မြန်မာနိုင်ငံတွင် ငလျင်ဘေး၊ လေဘေး၊ မီးဘေး နှင့် ရေဘေးစသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရမှု အပေါ် လူအများ၏ အသက်အန္တရာယ်ကို သတိပေး ကာကွယ်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပညာရှင်ကြီးများမှ လာရောက်၍ အသိပညာပေးမှုများ နှင့်အတူ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်မှာဖြစ်သည့် အတွက် မည်သူမဆို တက်ရောက် လေ့လာနိုင်မှာ ဖြစ်ကြောင်း သိရသည်။
"မည်သူမဆို တက်ရောက်လေ့လာသင့်ပါတယ်၊ သဘာဝဘေးအန္တရာယ်ဆိုတာက ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ဖြစ်လာမယ်ဆိုတာ မသိရဘူးလေ၊ အရေးနဲ့အကြောင်းဆို ဘာမှသတိထားမိကြမှာမဟုတ်ဘူး၊ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်နည်းတွေ သိထားကြရင် မမှားပါဘူး"ဟု လူမှုရေးအသင်းဝင်တစ်ဦးက ဆိုသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ၂၀၁၆ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၉)နာရီမှ စ၍ ညနေ(၄)နာရီ အချိန်ထိ ဆွေနွေး၊ ဟောပြောခြင်း နှင့် လက်တွေ့ သရုပ်ပြခြင်းများ ပြုလုပ်မှာ ဖြစ်သည့်အတွက် မည်သူမဆို တက်ရောက် လေ့လာသင့် ကြောင်း ပါဝင်ကူညီသူများက ဆိုသည်။