ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ဆန်စပါးကုန်သည်များ အနေဖြင့် စပါးကုန်ကြမ်းရှားပါးမှုနှင့် ပြည်ပမှ ဈေးနှိမ်မှုများကြောင့် ဆန်တင်ပို့နိုင်မှုများ လျော့နည်းလာကြောင်း ကျိုင်းတုံမြို့နယ် ဆန်စပါးကုန်သည်ကြီးများ အသင်းမှ သိရသည်။
အဆိုပါလမ်းကြောင်းမှ စပါးကို တရားဝင် တင်ပို့ရောင်းချခွင့်ပြု မထားသော်လည်း တရုတ်နိုင်ငံမှ ကုန်သည်များ အနေဖြင့် တရားမ၀င်လမ်းကြောင်းမှ ၀ယ်ယူမှုများရှိနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
"ဆန်စပါး အရောင်းအဝယ် အခြေအနေက အရမ်းအေးနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆီမှာက စပါးတွေ မရှိသလောက်ကို ဖြစ်သွားပြီ။ ပြီးရင် တရုတ်ဘက်ကလည်း ကျွန်တော်တို့ဆီက စပါးတွေ အများကြီး ရောက်နပြေီဆိုတော့ ကျွန်တော်တို့ဆီက ဆန်တွေဆိုရင် ဈေးနှိမ်ပြီးတော့ပဲ ဝယ်ချင်တော့တယ်။"ဟု ကျိုင်းတုံမြို့နယ် ဆန်စပါးကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမုန်းကိုက ပြောသည်။
အဆိုပါလမ်းကြောင်းမှ စပါးကို တရားဝင် တင်ပို့ရောင်းချခွင့်ပြု မထားသော်လည်း တရုတ်နိုင်ငံမှ ကုန်သည်များ အနဖြေင့် တရားမဝင်လမ်းကြောင်းမှ ဝယ်ယူမှုများရှိနခြေင်းဖြစ်ကြောင်း သိရသည်။
စပါးကုန်ကြမ်းများ ရှားပါးလာမှုများကြောင့် ဆန်စက်ကြီးများလည်း လတ်တလောတွင် လုပ်ငန်း ရပ်တန့်နေရပြီး ဒေသတွင်း တိရစ္ဆာန်အစာရှားပါးမှုပြဿနာကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိတွင် ကျိုင်းတုံမြို့မှ တရုတ်နိုင်ငံသို့ တစ်ပတ်လျှင် ဆန်တန်ချိန်(၁၀၀)မှ (၂၀၀)အတွင်း တင်ပို့ လျှက်ရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်