ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ယဉ်ကျေးမှုများအကြောင်းကို သုတေသနပြုမည့် ရှမ်းသုတေသနစင်တာအား တောင်ကြီးမြို့တွင် စက်တင်ဘာလ (၂၆)ရက်က ဖွင့်လှစ်လိုက်သည်။
“ရှမ်းပြည်နယ်ရဲ့ လက်လှမ်းမှီတဲ့ ဒေသအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ဘာသာစကားတွေကို လေ့လာဖို့ သုတေသနပြု ဖော်ထုတ်ဖို့ရာအတွက် တည်ထောင်တဲ့ ရှမ်းသုတေသနစင်တာကို ဖြစ်မြောက်ဖို့အတွက် အားထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်အားလုံးကို ချီးကျူးပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“ရှမ်းပြည်နယ်ရဲ့ လက်လှမ်းမှီတဲ့ ဒေသအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ဘာသာစကားတွေကို လေ့လာဖို့ သုတေသနပြု ဖော်ထုတ်ဖို့ရာအတွက် တည်ထောင်တဲ့ ရှမ်းသုတေသနစင်တာကို ဖြစ်မြောက်ဖို့အတွက် အားထုတ်ခဲ့ကြတဲ့ ပုဂိ္ဂုလ်အားလုံးကို ချီးကျူးပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါ စင်တာအား သမိုင်းပါမောက္ခ ဦးစိုင်းခမ်းမိုင်း၏ ဦးဆောင်မှုဖြင့် အဖွဲ့အသီးသီးက ပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့များနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၈၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို(တောင်ကြီး)