ျမန္မာႏုိ္င္ငံတြင္ သစ္ေမႊးအဆီထုတ္ စက္ရံုမ်ားကို ကိုရီးယားမွ လာေရာက္ တည္ေဆာက္ရန္ လ်ာထား

ျမန္မာႏုိ္င္ငံတြင္ သစ္ေမႊးအဆီထုတ္ စက္ရံုမ်ားကို ကိုရီးယားမွ လာေရာက္ တည္ေဆာက္ရန္ လ်ာထား
ဇွန် 26, 2016
By Tachileik News Agency
က်ိဳင္းတံု၊ ဇြန္လ (၂၆) ရက္
ကိုရီးယားႏုိင္ငံမွ ျမန္မာႏိုင္ငံတြင္ လာေရာက္တည္ေဆာက္မည့္ သစ္ေမႊးအဆီထုတ္စက္ရုံ(၃)ရုံအား ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ တနသၤာရီတိုင္းတို႔တြင္ တည္ေဆာက္ရန္ လ်ာထားေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔က ပဏာမအေနနဲ႔ ေနရာေရြးေပးခဲ့တာပဲရိွတယ္။ ခြင္႔ျပဳတာ၊ မျပဳတာကေတာ့ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန နဲ႔ စီမံ/စီးပြားတို႔က  ေနရာကို စိစစ္ခြင့္ျပဳၾကမွာ"ဟု ျမန္မာႏိုင္ငံ သစ္ေမႊးလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေသာင္းညြန္႔က ေျပာသည္။
အဆိုပါ စက္ရံုမ်ား တည္ေဆာက္ႏုိင္ေရးအတြက္ ကိုရီးယားႏိုင္ငံ ၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႔၊ ျမန္မာႏိုင္ငံ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈ ျမႇင္႔တင္ေရးအဖြဲ႔တို႔ ရန္ကုန္ၿမိဳ႕တြင္ ေတြ႔ဆံုေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသစ္ေမႊးလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
" ျမန္မာႏိုင္ငံမွာ သစ္ေမႊးအဆီထုတ္တဲ႔စက္ရုံကို တည္ေဆာက္ဖို႔ ေဆြးေႏြးခဲ႔ၾကတယ္။ အဲဒီ ကိုရီးယားအဖြဲ႔နဲ႔ ပါလာတဲ႔ ကုမၸဏီတစ္ခုကေန ဦးတို႔အသင္းကိုဆက္သြယ္လာၿပီးေတာ႔ ဒီစက္ရုံေတြတည္ဖို႔ အသင္းနဲ႔ ပူးေပါင္းေဆာက္ရြက္မယ္လို႔ေျပာတယ္။ ၿပီးရင္ ျမန္မာႏိုင္ငံက ထြက္သမွ် သစ္ေမႊးပင္ေတြ အကုန္ဝယ္ၿပီးေတာ့ အဆီထုတ္မယ္။ ၿပီးရင္ ႏိုင္ငံျခားတင္ပို႔မယ္လို႔ ဆိုလာတယ္။" ဟု  ျမန္မာႏိုင္ငံ သစ္ေမႊးလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေသာင္းညြန္႔က ေျပာသည္။
ျမန္မာတစ္ႏိုင္ငံလုံးတြင္ သစ္ေမႊးစိုက္ဧကေပါင္း (၁)ေသာင္းေက်ာ္ရိွၿပီး သစ္ေမႊးအပင္ေပါင္း (၅)သန္းခန္႔ ရိွေနေၾကာင္း သိရွိရသည္။
သတင္း။  ။ ဇြဲျမတ္
..................
ကျိုင်းတုံ၊ ဇွန်လ (၂၆) ရက်
ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်တည်ဆောက်မည့် သစ်မွှေးအဆီထုတ်စက်ရုံ(၃)ရုံအား ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တည်ဆောက်ရန် လျာထားကြောင်း သိရသည်။
"ကျွန်တော်တို့က ပဏာမအနေနဲ့ နေရာရွေးပေးခဲ့တာပဲရှိတယ်။ ခွင့်ပြုတာ၊ မပြုတာကတော့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နဲ့ စီမံ/စီးပွားတို့က နေရာကို စိစစ်ခွင့်ပြုကြမှာ"ဟု မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသောင်းညွန့်က ပြောသည်။
အဆိုပါ စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသစ်မွှေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။
" မြန်မာနိုင်ငံမှာ သစ်မွှေးအဆီထုတ်တဲ့စက်ရုံကို တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြတယ်။ အဲဒီ ကိုရီးယားအဖွဲ့နဲ့ ပါလာတဲ့ ကုမ္ပဏီတစ်ခုကနေ ဦးတို့အသင်းကိုဆက်သွယ်လာပြီးတော့ ဒီစက်ရုံတွေတည်ဖို့ အသင်းနဲ့ ပူးပေါင်းဆောက်ရွက်မယ်လို့ပြောတယ်။ ပြီးရင် မြန်မာနိုင်ငံက ထွက်သမျှ သစ်မွှေးပင်တွေ အကုန်ဝယ်ပြီးတော့ အဆီထုတ်မယ်။ ပြီးရင် နိုင်ငံခြားတင်ပို့မယ်လို့ ဆိုလာတယ်။" ဟု မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသောင်းညွန့်က ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် သစ်မွှေးစိုက်ဧကပေါင်း (၁)သောင်းကျော်ရှိပြီး သစ်မွှေးအပင်ပေါင်း (၅)သန်းခန့် ရှိနေကြောင်း သိရှိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~