ကျိုင်းတုံ၊ မေလ (၁) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရောင်းချလျှက်ရှိသော ကျိုင်းတုံမြို့မှ ပြန်လည် အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းများ ဧပြီ လအတွင်း ဈေးနှုန်းကျဆင်းလာကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
စွန့်ပစ်ပစ္စည်းအဟောင်းများ ဝယ်ယူနေသော အဝယ်ဒိုင်များသည် အဆိုပါ စွန့်ပစ် ပစ္စည်းများကို သန့်စင်ထုပ်ပိုးကာ ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ တင်ပို့နေခြင်းဖြစ်ပြီး၊ အဝယ်ဒိုင်တစ်ဦးလျှင် စွန့်ပစ်ပစ္စည်းများကို လစဉ် (၈) ဘီးကားဖြင့် (၂) စီးမှ (၃) စီးထိ တင်ပို့ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် စွန့်ပစ်ပစ္စည်း အဝယ်ဒိုင်(၄) ဒိုင် ရှိပြီး ဝယ်ယူလျှက်ရှိသော စွန့်ပစ်ပစ္စည်းများမှာ ဘက်ထရီပျက်၊ သံ၊ ဒန်၊ ကော်၊ သတ္တုပစ္စည်း အမျိုးမျိုး၊ ပုလင်း အမျိုးမျိုးနှင့် သတင်းစာဟောင်း၊ စက္ကူစာရွက် အဟောင်းတို့ဖြစ်ပြီး လက်ရှိဈေးနှုန်းများမှာ ဘက်ထရီ အပျက် တစ်ပိဿာ (၁၀၀၀)ကျပ်၊ ကော်အကြည် တစ်ပိဿာ (၃၀၀) ကျပ်၊ သံ တစ်ပိဿာ (၁၀၀) ကျပ်နှင့် အချိုရည်ဒန်ဘူးခွံ တစ်ဘူး (၂၀) ကျပ်စသည်ဖြင့် ဝယ်ယူလျှက်ရှိကြောင်း အဝယ်ဒိုင်များထံမှ သိရသည်။
သတင်း။ ။ #ဇင်အောင်
..........
ကျိုင်းတုံ၊ မေလ (၁) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှတဆင့် ထိုင်းသို့ ရောင်းချလျှက်ရှိသော ကျိုင်းတုံမြို့မှ ပြန်လည် အသုံးပြုနိုင်သည့် စွန့်ပစ်အမှိုက်များ ဧပြီလအတွင်း ဈေးနှုန်းကျလာနေကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
" ကျွန်မက မြို့ထဲရပ်ကွက်တွေမှာ လှည့်ပြီး အသုံးမပြုတော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို ဝယ်ယူတယ်။ လမ်းပေါ်နဲ့ အမှိုက်ပုံတွေမှာလည်း ရှာဖွေစုဆောင်းပြီးတော့ အဝယ်ဒိုင်တွေဆီမှာ သွားပြန်ရောင်းပါတယ်။ စွန့်ပစ်ပစ္စည်းတွေက အရင်ကထက်တော့ ပိုရပါတယ်။ ဒါပေမဲ့ အရင်လို ဈေးကောင်း မပေးတော့ဘူး။" ဟု စွန့်ပစ်အမှိုက်စုဆောင်းရောင်းချသူ ဒေါ်ချိုချိုဝင်းက ပြောသည်။
စွန့်ပစ်ပစ္စည်းအဟောင်းများ ဝယ်ယူနေသော အဝယ်ဒိုင်များသည် အဆိုပါအမှိုက်များကို သန့်စင်ထုပ်ပိုးကာ ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ တင်ပို့နခြေင်းဖြစ်ပြီး၊ အဝယ်ဒိုင်တစ်ဦးလျှင် စွန့်ပစ်ပစ္စည်းများကို လစဉ် (၈) ဘီးကားဖြင့် (၂) စီးမှ (၃) စီးထိ တင်ပို့ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမှ ပို့သောပစ္စည်းများကို တာချီလိတ်အဝယ်ဒိုင်များက တစ်ဆင့်ဝယ်ယူကြပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ရောင်းချကြရကြောင်း သိရသည်။
" ကျွန်တော်က စွန့်ပစ်ပစ္စည်းတွေကို အရောင်းအဝယ်လုပ်တာပေါ့။ ကျွန်တော့်ဆီကို ပျက်စီးသွားပြီး အသုံးမဝင်တော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို လာရောင်းကြသူတွေက အများကြီးဆိုတော့ ဘယ်နှစ်ယောက်မှန်း မသိတော့ပါဘူး။ တစ်လကို (၈) ဘီးကားနဲ့ (၂) စီးကနေ (၃) စီးထိ ကို အများကြီးပို့နေပေမဲ့ ဈေးမကောင်းတော့ပါဘူး" ဟု ယင်းလုပ်ငန်းကို (၆) နှစ်ခန့် လုပ်ကိုင်လာခဲ့သည့် ဟိန်းလင်းဆိုင်မှ ဦးဝင်းကြည်က ပြောသည်။
ကျိုင်းတုံမြို့တွင် စွန့်ပစ်ပစ္စည်း အဝယ်ဒိုင်(၄) ဆိုင်ရှိပြီး ဝယ်ယူလျှက်ရှိသော စွန့်ပစ်ပစ္စည်းဈေးနှုန်းများမှာ ဘထ္ထရီပျက်၊ သံ၊ ဒန်၊ ကော်၊ သတ္တုပစ္စည်း အမျိုးမျိုး၊ ပုလင်း အမျိုးမျိုးနှင့် သတင်းစာဟောင်း၊ စက္ကူစာရွက် အဟောင်းတို့ဖြစ်ပြီး လက်ရှိဈေးနှုန်းများမှာ ဘထ္ထရီ အပျက် တစ်ပိဿါ တစ်ထောင်ကျပ်၊ ကော်အကြည် တစ်ပိဿါ (၃၀၀) ကျပ်၊ သံ တစ်ပိဿါ (၁၀၀) ကျပ်နှင့် အချိုရည်ဒန်ဗူးအခွံတစ်ဗူး (၂၀) ကျပ်စသည်ဖြင့် ဝယ်ယူလျှက်ရှိကြောင်း အဝယ်ဒိုင်များထံမှ သိရသည်။
သတင်း။ ဇင်အောင်