တာခ်ီလိတ္၊ ေမ(၇)
တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)မွ ထိုင္းႏိုင္ငံသို႔ ေရႊ(၂၉)က်ပ္သား သြားေရာက္ေရာင္းခ်သူတစ္ဦးအား သတ္မွတ္ထားသည့္ ေရႊယူေဆာင္ခြင့္ထက္ေက်ာ္လြန္၍ ထိုင္းနို္င္ငံတြင္ ဖမ္းဆီးခံလိုက္ရေၾကာင္း သိရသည္။
ေရႊယူေဆာင္ခြင့္ျပဳထားသည့္ ပမာဏထက္ေက်ာ္လြန္ေနၿပီး ထိုင္းအေကာက္ခြန္ဌာနသို႔ အေၾကာင္း မၾကားေသာေၾကာင့္ ေမလ (၃)ရက္ေန႔က ဖမ္းဆီးခံရလိုက္ရျခင္းျဖစ္ၿပီး အဆိုပါကိစၥႏွင့္ ပတ္သက္၍ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရး ႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ(CNCMC)က သြားေရာက္ညိႇႏိႈင္းကူညီေပးခဲ့ေၾကာင္း သိရသည္။
“အခုဒီလူက သူ႔လုပ္ငန္းတိုးခ်ဲ႕ဖို႔ ဟိုဘက္ကမ္းကို ေရႊ(၂၉)က်ပ္သား သြားေရာင္းတာ။ ထိုင္းအေကာက္အခြန္ဌာနကို အေၾကာင္းမၾကားေတာ့ ဖမ္းခံရတာပါ။ ထိုင္းအေကာက္ခြန္ျပဌာန္းထားတဲ့ ဥပေဒမွာေတာ့ အဲဒီလို အေၾကာင္းၾကားရင္ တရား၀င္ အခြန္ေဆာင္ၿပီး သယ္ေဆာင္ခြင့္ရွိပါတယ္။”ဟု CNCMC လုပ္ငန္းအေကာင္ထည္ေဖာ္ေရးေကာ္မတီမွ အတြင္းေရးမွဴး ဦးစည္သူေမာင္က ေျပာသည္။
တဖက္ထိုင္းႏိုင္ငံသို႔ နယ္စပ္တံတားမွ ျဖတ္သန္းသြားမည္ဆိုပါက ထိုင္းအေကာက္ခြန္မွ ေရႊ(၅)က်ပ္သားေအာက္ အထိသာ ခြင့္ျပဳထားၿပီး (၅)က်ပ္သားထက္ေက်ာ္လြန္လွ်င္ ထိုင္းအေကာက္ခြန္သို႔ အေၾကာင္းၾကားၿပီး ကာလတန္းဖိုး၏ (၂၀) ရာခိုင္ႏႈန္း အခြန္ေဆာင္ျခင္းႏွင့္ ႏိုင္ငံေတာ္အခြန္ဌာနသို႔ ကုန္သြယ္ခြန္ (၇) ရာခိုင္ႏႈန္း ထပ္မံေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ အေၾကာင္းမၾကားလွ်င္ ထိုင္းအေကာက္ခြန္ဥပေဒပုဒ္မ (၂၇)အရ ေရႊထည္မ်ားကို သိမ္းဆည္းနိုင္သည့္အျပင္ စုစုေပါင္းတန္ဘိုး၏ (၄) ဆ ကိုလည္း ဒဏ္ေၾကးအျဖစ္ တရားရံုးတြင္ ေပးေဆာင္ရမွာျဖစ္ျပီး လက္ဝယ္ထားရိွသူကို အျမင့္ဆံုးေထာင္ဒဏ္(၁၀)နွစ္အထိ ခ်မွတ္နိုင္ေၾကာင္း သိရသည္။
အဆိုပါဥပေဒအား မသိနားမလည္သျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏို္င္ငံသားကိစၥႏွင့္ပတ္သက္၍ CNCMC ႏွင့္ ျမန္မာ - ထိုင္း နယ္ျခားေကာ္မတီ (TBC ) တို႔က ကူညီေဆာင္ရြက္ေပးေနၿပီး ၎အား ဒဏ္ေငြဘတ္ (၇၀၀၀၀) ေပးေဆာင္ေစရန္ ညိွႏိႈင္းကူညီေပးခဲ့ေၾကာင္း CNCMC အတြင္းေရးမွဴး ဦးစည္သူေမာင္ထံမွ သိရသည္။
နယ္စပ္တံတားမွ ျဖတ္သန္းသြားလာပါက ေရႊယူေဆာင္ခြင့္ (၅)က်ပ္သားေအာက္၊ ထိုင္းဘတ္ေငြ (၄)သိန္းအထိလည္းေကာင္း ၊ ေဒၚလာေငြ (၂၀၀၀၀)အထိလည္းေကာင္း သတ္မွတ္ထားၿပီး အျခားေက်ာက္မ်က္ရတနာမ်ားကိုလည္း ကန္႔သတ္ထားသည့္ သတ္မွတ္တန္ဖိုးမ်ားရိွေၾကာင္း သိရသည္။
သတင္း။ ။ ေဇာင္းညီ
..........
တာချီလိတ်၊ မေ(၇)
တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)မှ ထိုင်းနိုင်ငံသို့ ရွှေ(၂၉)ကျပ်သား သွားရောက်ရောင်းချသူတစ်ဦးအား သတ်မှတ်ထားသည့် ရွှေယူဆောင်ခွင့်ထက်ကျော်လွန်၍ ထိုင်းနို်င်ငံတွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ရွှေယူဆောင်ခွင့်ပြုထားသည့် ပမာဏထက်ကျော်လွန်နပြေီး ထိုင်းအကောက်ခွန်ဌာနသို့ အကြောင်း မကြားသောကြောင့် မေလ (၃)ရက်နေ့က ဖမ်းဆီးခံရလိုက်ရခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ(CNCMC)က သွားရောက်ညှိနှိုင်းကူညီပေးခဲ့ကြောင်း သိရသည်။
“အခုဒီလူက သူ့လုပ်ငန်းတိုးချဲ့ဖို့ ဟိုဘက်ကမ်းကို ရွှေ(၂၉)ကျပ်သား သွားရောင်းတာ။ ထိုင်းအကောက်အခွန်ဌာနကို အကြောင်းမကြားတော့ ဖမ်းခံရတာပါ။ ထိုင်းအကောက်ခွန်ပြဌာန်းထားတဲ့ ဥပဒေမှာတော့ အဲဒီလို အကြောင်းကြားရင် တရားဝင် အခွန်ဆောင်ပြီး သယ်ဆောင်ခွင့်ရှိပါတယ်။”ဟု CNCMC လုပ်ငန်းအကောင်ထည်ဖော်ရေးကော်မတီမှ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။
တဖက်ထိုင်းနိုင်ငံသို့ နယ်စပ်တံတားမှ ဖြတ်သန်းသွားမည်ဆိုပါက ထိုင်းအကောက်ခွန်မှ ရွှေ(၅)ကျပ်သားအောက် အထိသာ ခွင့်ပြုထားပြီး (၅)ကျပ်သားထက်ကျော်လွန်လျှင် ထိုင်းအကောက်ခွန်သို့ အကြောင်းကြားပြီး ကာလတန်းဖိုး၏ (၂၀) ရာခိုင်နှုန်း အခွန်ဆောင်ခြင်းနှင့် နိုင်ငံတော်အခွန်ဌာနသို့ ကုန်သွယ်ခွန် (၇) ရာခိုင်နှုန်း ထပ်မံဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အကြောင်းမကြားလျှင် ထိုင်းအကောက်ခွန်ဥပဒေပုဒ်မ (၂၇)အရ ရွှေထည်များကို သိမ်းဆည်းနိုင်သည့်အပြင် စုစုပေါင်းတန်ဘိုး၏ (၄) ဆ ကိုလည်း ဒဏ်ကြေးအဖြစ် တရားရုံးတွင် ပေးဆောင်ရမှာဖြစ်ပြီး လက်ဝယ်ထားရှိသူကို အမြင့်ဆုံးထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။
အဆိုပါဥပဒေအား မသိနားမလည်သဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနို်င်ငံသားကိစ္စနှင့်ပတ်သက်၍ CNCMC နှင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ (TBC ) တို့က ကူညီဆောင်ရွက်ပေးနပြေီး၎င်းအား ဒဏ်ငွေဘတ် (၇၀၀၀၀) ပေးဆောင်စေရန် ညှိနှိုင်းကူညီပေးခဲ့ကြောင်း CNCMC အတွင်းရေးမှူး ဦးစည်သူမောင်ထံမှ သိရသည်။
နယ်စပ်တံတားမှ ဖြတ်သန်းသွားလာပါက ရွှေယူဆောင်ခွင့် (၅)ကျပ်သားအောက်၊ ထိုင်းဘတ်ငွေ (၄)သိန်းအထိလည်းကောင်း၊ ဒေါ်လာငွေ (၂၀၀၀၀)အထိလည်းကောင်း သတ်မှတ်ထားပြီး အခြားကျောက်မျက်ရတနာများကိုလည်း ကန့်သတ်ထားသည့် သတ်မှတ်တန်ဖိုးများရှိကြောင်း သိရသည်။
သတင်း။ ဇောင်းညီ