က်ဳိင္းတံု၊ ဧၿပီ(၃၀)
ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔အား ႀကိဳဆိုသည့္အေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မီးသတ္ဦးစီးဌာနမွ မီးသတ္၀န္ထမ္းမ်ား စုေပါင္း၍ က်ိဳင္းတံုၿမိဳ႕ေပၚတြင္ ဧၿပီ(၃၀)ရက္ေန႔နံနက္ပိုင္းက သန္႔ရွင္းေရး လုပ္ငန္းမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ က်ဳိင္းတံုတစ္ခုပဲ ဒီလို လုပ္တာ မဟုတ္ပါဘူး။ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ ျပည္သူ႕အက်ဳိးျပဳလုပ္ငန္း ျပဳလုပ္ၾကမွာျဖစ္ပါတယ္။ ဘိုးဘြားရိပ္သာကိုလည္း ခုလို ဒီေန႔က အထိမ္းအမွတ္အတြက္လုပ္ေပမယ့္ လစဥ္ သန္႔ရွင္းေရးကေတာ့ လာေရာက္ရွင္းလင္းေပးသြားပါမယ္ " ဟု တြဲဘက္ျပည္နယ္မီးသတ္ဦးစီးမႈး ဦးသိန္းျမင့္က ေျပာသည္။
ေမလ(၅)ရက္ေန႔တြင္ က်ေရာက္မည့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔အား ဂုဏ္ျပဳႀကိဳဆိုေသာအားျဖင့္ လူအင္အား (၇၀)ေက်ာ္ျဖင့္ က်ိဳင္းတံုၿမိဳ႕ေနရာ(၃)ခုတြင္ သန္႔ရွင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ထံမွသိရသည္။
က်ိဳင္းတံုၿမိဳ႕ ရပ္ေတာ္မူဘုရား၊ ဘိုးဘြားရိပ္သာႏွင့္ ျပည္သူ႕ေဆး႐ံုႀကီးတို႔တြင္ တစ္ၿပိဳင္နက္တည္း စုေပါင္းေဆာင္ရြက္ခဲ့ၿပီး၊ အလုပ္သမားေန႔တြင္ မီးသတ္ဦးစီးဌာနမွ ေသြးလွဴဒါန္းမႈမ်ားျပဳလုပ္သြားမည္ျဖစ္ၿပီး ဘိုးဘြားရိပ္သာတြင္ အလွဴေငြအျဖစ္ က်ပ္(၁၁၀,၀၀၀)လွဴဒါန္းခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။
သတင္း။ ။ ဇင္ေအာင္
..............
ကျိုင်းတုံ၊ ဧပြီ(၃၀)
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုသည့်အနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ စုပေါင်း၍ ကျိုင်းတုံမြို့ပေါ်တွင် ဧပြီ(၃၀)ရက်နေ့နံနက်ပိုင်းက သန့်ရှင်းရေး လုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ကျိုင်းတုံတစ်ခုပဲ ဒီလို လုပ်တာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာကိုလည်း ခုလို ဒီနေ့က အထိမ်းအမှတ်အတွက်လုပ်ပေမယ့် လစဉ် သန့်ရှင်းရေးကတော့ လာရောက်ရှင်းလင်းပေးသွားပါမယ် " ဟု တွဲဘက်ပြည်နယ်မီးသတ်ဦးစီးမှုး ဦးသိန်းမြင့်က ပြောသည်။
မေလ(၅)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူအင်အား (၇၀)ကျော်ဖြင့် ကျိုင်းတုံမြို့နေရာ(၃)ခုတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းထံမှသိရသည်။
ကျိုင်းတုံမြို့ ရပ်တော်မူဘုရား၊ ဘိုးဘွားရိပ်သာနှင့် ပြည်သူ့ဆေးရုံကြီးတို့တွင် တစ်ပြိုင်နက်တည်း စုပေါင်းဆောင်ရွက်ခဲ့ပြီး၊ အလုပ်သမားနေ့တွင် မီးသတ်ဦးစီးဌာနမှ သွေးလှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ပြီး ဘိုးဘွားရိပ်သာတွင် အလှူငွေအဖြစ် ကျပ်(၁၁၀,၀၀၀)လှူဒါန်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း။ ဇင်အောင်