တာခ်ီလိတ္၊ ဧၿပီ(၂၉)
တရုတ္ႏုိင္ငံ ရွန္ဟိုင္းဟုန္းေက်ာင္ခ်ီႏုိင္ငံတကာေလဆိပ္ တာမင္နယ္ (၁)မွာ ဒီေန႔ ဧၿပီလ(၂၉)ရက္ မနက္အေစာပိုင္းမွာ ျဖစ္ပြားတဲ့ မီးေလာင္မႈေၾကာင့္ (၂)ဦးေသဆံုးသြားၿပီး (၅)ဦးဒဏ္ရာရရိွသြားတယ္လို႔ ၿမိဳ႕ေတာ္အာဏာပိုင္အဖြဲ႕က ေန႔လယ္ပိုင္းမွာ သတင္းထုတ္ျပန္လိုက္ပါတယ္။
ဒီမီးေလာင္မႈဟာ မနက္ပိုင္း (၇(နာရီေက်ာ္ေက်ာ္မွာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုကေန စတင္ေလာင္ကၽြမ္းခဲ့တဲ့မီးေၾကာင့္ ျဖစ္ၿပီး မနက္ (၉)နာရီ (၁၈)မိနစ္မွာ အျပင္ထိကူးစက္လာတာလို႔ ၿမိဳ႕ေတာ္မီးသတ္ဌာနကေန သိရပါတယ္။
ေဆာက္လုပ္ေရး လုပ္ငန္းခြင္ထဲ ပိတ္မိေနသူ (၇)ေယာက္ကို ကယ္ဆယ္ရာမွာ (၂) ဦးကေတာ့ ေသဆံုးသြားၿပီလို႔ အတည္ျပဳေပးထားပါတယ္။
မီးေလာင္မႈကို မီးသတ္ယာဥ္ (၁၂)စီး မီးသတ္တပ္ဖြဲ႕ (၉)ဖြဲ႔နဲ႔ ၿငိမ္းသတ္ခဲ့ရတယ္လို႔ သိရပါတယ္။
ေဆာက္လုပ္ေရးလုပ္ငန္းခြင္ အတြင္း အပူထိန္းပစၥည္းေတြကေန စတင္တာလို႔ အာဏာပိုင္ေတြက ဆိုပါတယ္။ ဒါေပမဲ့ စံုစမ္းစစ္ေဆးမႈေတြကို ျပဳလုပ္ေနဆဲျဖစ္ပါတယ္။
ဒဏ္ရာရသူငါးဦးအနက္ (၃) ဦးကေတာ့ မစိုးရိမ္ရဘဲ က်န္(၂)ဦးကေတာ့ ဒဏ္ရာျပင္းထန္တယ္လို႔သိရျပီး အားလံုးကို ေဆးရံုကို ခ်က္ခ်င္းတင္ပို႔ထားတယ္လို႔ ေလဆိပ္အာဏာပိုင္ေတြက ဆိုပါတယ္။
ေလဆိပ္တာမင္နယ္(၁)ကို အဆင့္ျမႇင့္တင္ဖို႔လုပ္ေနတာျဖစ္ျပီး မီးေလာင္မႈေၾကာင့္ေတာ့ လုပ္ငန္း ေႏွာင့္ေႏွးမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။
“ကယ္ဆယ္ေရးေတြက မနက္ (၈)နာရီေလာက္မွာ ႏွစ္ေယာက္ ကယ္ထုတ္လာတာကို ေတြ႔လိုက္တယ္”လို႔ မ်က္ျမင္တစ္ဦးက ရွန္ဟိုင္းေဒးလီးသတင္းစာကို ေျဖၾကားထားပါတယ္။
ဘာသာျပန္။ ။ ဇာႏွင္းထိုက္
Ref; China.org
...............
တာချီလိတ်၊ ဧပြီ(၂၉)
တရုတ်နိုင်ငံ ရှန်ဟိုင်းဟုန်းကျောင်ချီနိုင်ငံတကာလေဆိပ် တာမင်နယ် (၁)မှာ ဒီနေ့ ဧပြီလ(၂၉)ရက် မနက်အစောပိုင်းမှာ ဖြစ်ပွားတဲ့ မီးလောင်မှုကြောင့် (၂)ဦးသေဆုံးသွားပြီး (၅)ဦးဒဏ်ရာရရှိသွားတယ်လို့ မြို့တော်အာဏာပိုင်အဖွဲ့က နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီမီးလောင်မှုဟာ မနက်ပိုင်း (၇(နာရီကျော်ကျော်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကနေ စတင်လောင်ကျွမ်းခဲ့တဲ့မီးကြောင့် ဖြစ်ပြီး မနက် (၉)နာရီ (၁၈)မိနစ်မှာ အပြင်ထိကူးစက်လာတာလို့ မြို့တော်မီးသတ်ဌာနကနေ သိရပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ ပိတ်မိနေသူ (၇)ယောက်ကို ကယ်ဆယ်ရာမှာ (၂) ဦးကတော့ သေဆုံးသွားပြီလို့ အတည်ပြုပေးထားပါတယ်။
မီးလောင်မှုကို မီးသတ်ယာဉ် (၁၂)စီး မီးသတ်တပ်ဖွဲ့ (၉)ဖွဲ့နဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွင်း အပူထိန်းပစ္စည်းတွေကနေ စတင်တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။
ဒဏ်ရာရသူငါးဦးအနက် (၃) ဦးကတော့ မစိုးရိမ်ရဘဲ ကျန်(၂)ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့သိရပြီး အားလုံးကို ဆေးရုံကို ချက်ချင်းတင်ပို့ထားတယ်လို့ လေဆိပ်အာဏာပိုင်တွေက ဆိုပါတယ်။
လေဆိပ်တာမင်နယ်(၁)ကို အဆင့်မြှင့်တင်ဖို့လုပ်နေတာဖြစ်ပြီး မီးလောင်မှုကြောင့်တော့ လုပ်ငန်း နှောင့်နှေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကယ်ဆယ်ရေးတွေက မနက် (၈)နာရီလောက်မှာ နှစ်ယောက် ကယ်ထုတ်လာတာကို တွေ့လိုက်တယ်”လို့ မျက်မြင်တစ်ဦးက ရှန်ဟိုင်းဒေးလီးသတင်းစာကို ဖြကြေားထားပါတယ်။
ဘာသာပြန်။ ဇာနှင်းထိုက်
Ref; China.org