၀မ္ပံု၊ ဧၿပီ(၆) ။ ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)အုပ္စုအတြင္း ဧၿပီ လ(၅) ရက္ေန႔က ေထာ္လာဂ်ီႏွစ္စီးျဖင့္ သယ္ေဆာင္လာသည့္ က်ပ္သိန္းေပါင္း (၃၅၂၀)တန္ဖိုးရိွ မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း တာခ်ီီလိတ္မူးယစ္တပ္ဖြဲ႕မွ သိရသည္။
မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသည္ဟူေသာ သတင္းအရ တာခ်ီလိတ္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးႏွင့္ မူူးယစ္တပ္ဖြဲ႕၀င္မ်ား၊ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ တပ္မေတာ္သားမ်ားသည္ ေ၀ွေလလန္ ေက်းရြာအနီး စစ္ေဆးေရးဂိတ္ ၊ ကြင္းေရွာင္လမ္းဆုံႏွင့္ ဆြတ္ဆိုင္ေက်းရြာမွ ေဟြလုေက်းရြာသြားလမ္းတို႔တြင္ ပူးေပါင္းပိတ္ဆို႔၍ ရွာေဖြဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဝွေလလန္ေက်းရြာအနီး စစ္ေဆးေရးဂိတ္တြင္ စိုင္းအြန္ေက်ာက္(ခ)အိုက္ေက်ာက္ ေမာင္းႏွင္ၿပီး အိုက္အြန္ လိုက္ပါလာသည့္ ေထာ္လာဂ်ီ(အီတန္) အမ်ိဳးအစား အျပာေရာင္ ေမာ္ေတာ္ယာဥ္၏ ေနာက္ခန္းမွ ဆာလာအိတ္အတြင္းထည့္သြင္းသယ္ေဆာင္လာေသာ ကဖင္းအျဖဴေရာင္အမႈန္ ့ အေလးခ်ိန္(၂၅)ကီလိုဂရမ္ခန္ ့စီပါ ပလပ္စတစ္အိတ္(၂၅)အိတ္ စုစုေပါင္း အေလးခ်ိန္ (၂၂၅၀)ကီလိုဂရမ္ခန္႔ ကာလတန္ဖိုး က်ပ္သိန္းေပါင္း(၁၈၀၀)ခန္ ့အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ယင္းအျပင္ အိုက္ေကာင္ ေမာင္းနွင္လာေသာ ေထာ္လာဂ်ီ(အီတန္)အမ်ိဳးအစား အျပာေရာင္ ေမာ္ေတာ္ယာဥ္အား ဆြတ္ဆိုင္-ေဟြလုသြားလမ္း၊ ေဟြလုေက်းရြာ အနီးတြင္ အေလးခ်ိန္ (၂၅)ကီလိုဂရမ္ခန္ ့စီပါ ပလပ္စတစ္အိတ္(၈၆)အိတ္ စုစုေပါင္း အေလးခ်ိန္ (၂၁၅၀)ကီလိုဂရမ္ခန္႔ ကာလတန္ဖိုး က်ပ္သိန္းေပါင္း (၁၇၂၀)ခန္ ့အား ထပ္မံဖမ္းဆီးရရိွခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းအြန္ေက်ာက္(ခ)အိုက္ေက်ာက္ႏွင့္ အိုက္အြန္တို ့အား ၀မ္ပုံနယ္ေျမရဲစခန္းမွ မယ(ပ)၅/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ခ)/၂၁ အရလည္းေကာင္း ၊ အိုက္ေကာင္အား ၀မ္ပံုနယ္ေျမရဲစခန္းမွ မယ(ပ)၆/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ခ) အရလည္းေကာင္း အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း။ ။ ဇြဲျမတ္
************
ဝမ်ပုံ၊ ဧပြီ(၆)။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စုအတွင်း ဧပြီ လ(၅) ရက်နေ့က ထော်လာဂျီနှစ်စီးဖြင့် သယ်ဆောင်လာသည့် ကျပ်သိန်းပေါင်း (၃၅၂၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟူသော သတင်းအရ တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မူးယစ်တပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ တပ်မတော်သားများသည် ဝှေလေလန် ကျေးရွာအနီး စစ်ဆေးရေးဂိတ်၊ ကွင်းရှောင်လမ်းဆုံနှင့် ဆွတ်ဆိုင်ကျေးရွာမှ ဟွေလုကျေးရွာသွားလမ်းတို့တွင် ပူးပေါင်းပိတ်ဆို့၍ ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝှေလေလန်ကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် စိုင်းအွန်ကျောက်(ခ)အိုက်ကျောက် မောင်းနှင်ပြီး အိုက်အွန် လိုက်ပါလာသည့် ထော်လာဂျီ(အီတန်) အမျိုးအစား အပြာရောင် မော်တော်ယာဉ်၏ နောက်ခန်းမှ ဆာလာအိတ်အတွင်းထည့်သွင်းသယ်ဆောင်လာသော ကဖင်းအဖြူရောင်အမှုန့် အလေးချိန်(၂၅)ကီလိုဂရမ်ခန့်စီပါ ပလပ်စတစ်အိတ်(၂၅)အိတ် စုစုပေါင်း အလေးချိန် (၂၂၅၀)ကီလိုဂရမ်ခန့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၁၈၀၀)ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းအပြင် အိုက်ကောင် မောင်းနှင်လာသော ထော်လာဂျီ(အီတန်)အမျိုးအစား အပြာရောင် မော်တော်ယာဉ်အား ဆွတ်ဆိုင်-ဟွေလုသွားလမ်း၊ ဟွေလုကျေးရွာ အနီးတွင် အလေးချိန် (၂၅)ကီလိုဂရမ်ခန့်စီပါ ပလပ်စတစ်အိတ်(၈၆)အိတ် စုစုပေါင်း အလေးချိန် (၂၁၅၀)ကီလိုဂရမ်ခန့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၇၂၀)ခန့်အား ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းအွန်ကျောက်(ခ)အိုက်ကျောက်နှင့် အိုက်အွန်တို့အား ဝမ်ပုံနယ်မြေရဲစခန်းမှ မယ(ပ)၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၁ အရလည်းကောင်း၊ အိုက်ကောင်အား ဝမ်ပုံနယ်မြေရဲစခန်းမှ မယ(ပ)၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ) အရလည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်