ဈေးဟောင်းနေ့(၀မ်းကတ်ကောင်ဝ်)ဟု သိရှိထားပြီး၊ အများအခေါ် စော်ဘွားဈေးနေ့အဖြစ် တစ်နှစ်မှတစ်ခါသာ ပြုလုပ်လေ့ရှိသော ဈေးရောင်းချမှုကို ကျိုင်းတုံမြို့တွင် ဧပြီလ(၁)ရက်နေ့၌် ရောင်းချသွားရန်အတွက် မတ်လ(၃၁)ရက်နေ့ ကတည်းက ပြင်ဆင်နေလျှက်ရှိပြီး အဆိုပါ ဈေးရောင်းချမှုကို ဧပြီလ(၁)ရက် နံနက်အစောပိုင်းမှာ စတင်မှာ ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အများသူငှာ ဂါရ၀ပြုနိုင်ရန်အတွက်လည်း စော်ဘွားသင်္ချိုင်းအား ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ဓာတ်ပုံ ။ ။ ဇွဲမြတ်