ျမန္မာႏိုင္ငံမွ သစ္ေမႊးအဆီထုတ္လုပ္ျခင္း လုပ္ငန္းတြင္ အဆီျဖစ္ေပၚေစရန္ ေဆးသြင္းထုတ္လုပ္ေနၾက ေသာ္လည္း ေဆးသြင္းသက္တမ္း ႏုေနေသးေသာေၾကာင့္ ျပည္ပသို႔ တင္ပို႔ႏိုင္ရန္ အခက္္အခဲ ျဖစ္ေနေၾကာင္း သိရသည္။
"သူမ်ားႏိုင္ငံေတြက ေဆးသြင္းသစ္ေမႊးေတြကို ကြန္တိန္နာေတြနဲ႔ တင္ပို႔တယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ႏိုင္ငံက အဲဒီေလာက္အထိ မထြက္ႏိုင္ေသးဘူး။ ကြန္တိန္နာတစ္စီး မေျပာနဲ႔။ ပိႆာ(၁၀၀)ထြက္ဖို႔ေတာင္ ေဆးသြင္းသက္တမ္း ႏုေနေသးလို႔ မနည္းလုပ္ယူရအုံးမွာပါ"ဟု သစ္ေမႊးအေရာင္းအ၀ယ္ႏွင့္ ေဆးသြင္းျခင္းမ်ားကို လုပ္ေဆာင္ေပးေနေသာ ႐ွင္းသန္႔ခ်မ္းသာ ကုမၸဏီ၏ Managing Director ဦးခင္ေမာင္က ေျပာသည္။
သစ္ေမႊးအား သဘာ၀အတိုင္း ေတာေတာင္မ်ားတြင္ အဆီျဖစ္ရန္မွာ ဆယ္ရာခိုင္ႏႈန္းသာရိွေသာ္လည္း ေဆးသြင္းကာ အဆီျဖစ္ေပၚေစရန္ ရာႏႈန္းျပည့္ေသခ်ာသျဖင့္ လုပ္ငန္း႐ွင္မ်ားကလည္း ေဆးသြင္းကာ စိုက္ပ်ိဳးလွ်က္ရိွေၾကာင္း သိရသည္။
သစ္ေမႊးပင္မ်ား အသက္ သံုးႏွစ္သားအရြယ္တြင္ စတင္ကာ ေဆးသြင္းႏိုင္ၿပီး၊ ေဆးသြင္းၿပီး (၃)ႏွစ္မွ (၅)ႏွစ္အထိ ေစာင့္ဆိုင္းပါက သစ္ေမႊးဆီ အခဲမ်ားကို ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း ႏွင့္ ေဆးသြင္းၿပီး (၈)လမွ (၁)ႏွစ္အတြင္း အဆီေပါင္းကို ရရိွႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ေဆးသြင္းသစ္ေမႊးမ်ားကို ျပင္သစ္ႏွင့္အေမရိကန္ ႏိုင္ငံမ်ားက ေရေမႊး၊ အလွကုန္ပစၥည္းႏွင့္ ေဆး၀ါးမ်ား ထုတ္လုပ္ရန္ ၀ယ္ယူလွ်က္ရိွၿပီး ေဆးသြင္းၿပီး (၅)ႏွစ္သက္တမ္းရိွ သစ္ေမႊးမ်ားကို က်ပ္(၅)သိန္းမွ သိန္း(၅၀)အထိ ေပါက္ေစ်းရိွေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ သစ္ေမႊးကို ကခ်င္ျပည္နယ္၊ ႐ွမ္းျပည္္နယ္၊ စစ္ကိုင္းတိုင္း၊ ပဲခူးတိုင္း၊ ကရင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ စိုက္ပ်ိဳးေနေၾကာင္း သိရွိရသည္။
သတင္း။ ။ ဇြဲျမတ္
******************
( unicode )
မြန်မာနိုင်ငံမှ သစ်မွှေးအဆီထုတ်လုပ်ခြင်း လုပ်ငန်းတွင် အဆီဖြစ်ပေါ်စေရန် ဆေးသွင်းထုတ်လုပ်နကြေ သော်လည်း ဆေးသွင်းသက်တမ်း နုနေသေးသောကြောင့် ပြည်ပသို့ တင်ပို့နိုင်ရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
"သူများနိုင်ငံတွေက ဆေးသွင်းသစ်မွှေးတွေကို ကွန်တိန်နာတွေနဲ့ တင်ပို့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက အဲဒီလောက်အထိ မထွက်နိုင်သေးဘူး။ ကွန်တိန်နာတစ်စီး မပြောနဲ့။ ပိဿါ(၁၀၀)ထွက်ဖို့တောင် ဆေးသွင်းသက်တမ်း နုနေသေးလို့ မနည်းလုပ်ယူရအုံးမှာပါ"ဟု သစ်မွှေးအရောင်းအဝယ်နှင့် ဆေးသွင်းခြင်းများကို လုပ်ဆောင်ပေးနေသော ရှင်းသန့်ချမ်းသာ ကုမ္ပဏီ၏ Managing Director ဦးခင်မောင်က ပြောသည်။
သစ်မွှေးအား သဘာဝအတိုင်း တောတောင်များတွင် အဆီဖြစ်ရန်မှာ ဆယ်ရာခိုင်နှုန်းသာရှိသော်လည်း ဆေးသွင်းကာ အဆီဖြစ်ပေါ်စေရန် ရာနှုန်းပြည့်သေချာသဖြင့် လုပ်ငန်းရှင်များကလည်း ဆေးသွင်းကာ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
သစ်မွှေးပင်များ အသက် သုံးနှစ်သားအရွယ်တွင် စတင်ကာ ဆေးသွင်းနိုင်ပြီး၊ ဆေးသွင်းပြီး (၃)နှစ်မှ (၅)နှစ်အထိ စောင့်ဆိုင်းပါက သစ်မွှေးဆီ အခဲများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်း နှင့် ဆေးသွင်းပြီး (၈)လမှ (၁)နှစ်အတွင်း အဆီပေါင်းကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆေးသွင်းသစ်မွှေးများကို ပြင်သစ်နှင့်အမေရိကန် နိုင်ငံများက ရေမွှေး၊ အလှကုန်ပစ္စည်းနှင့် ဆေးဝါးများ ထုတ်လုပ်ရန် ဝယ်ယူလျှက်ရှိပြီး ဆေးသွင်းပြီး (၅)နှစ်သက်တမ်းရှိ သစ်မွှေးများကို ကျပ်(၅)သိန်းမှ သိန်း(၅၀)အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သစ်မွှေးကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးနေကြောင်း သိရှိရသည်။
သတင်း။ ဇွဲမြတ်