႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ ေနာင္ကန္ရြာရိွ အနာႀကီးေရာဂါသည္ (၅၀)ဦးအား စားေသာက္ဖြယ္မ်ား၊ အေႏြးထည္မ်ားႏွင့္ ေစာင္မ်ားကို တာခ်ီလိတ္လူငယ္ကြန္ရက္မွ ေဖေဖာ္၀ါရီလ၊ (၇)ရက္ ေန႔လယ္(၁၂)နာရီက လာေရာက္လွဴဒါန္းေၾကာင္း သိရသည္။
"အစ္မတို႔အဖြဲ႔ အေနနဲ႔ လွဴဖို႔လုပ္ထားတာေတာ့ ၾကာပါၿပီ၊ တကယ္လိုအပ္ေနတဲ့ ေနရာကို ေရြးလိုက္တဲ့ အခါမွာ ဒီရြာေလးကို ေရြးလိုက္ၿပီး လာလွဴၾကတာပါ။ ဒီတစ္ေခါက္အျပင္ ေနာက္တစ္ေခါက္လည္း ဒီမွာလိုအပ္ေနတဲ့ ေဆး၀ါးနဲ႔ အာဟာရေတြကို လာေရာက္လွဴဒါန္းဖို႔ ႀကိဳးစားသြားမွာပါ"ဟု တာခ်ီလိတ္လူငယ္ကြန္ရက္ ဥကၠဌ ေဒၚေမဇာျခည္လင္းက ေျပာသည္။
အဆိုပါ ေနာင္ကန္ရြာတြင္ အိမ္ေျခ(၁၀၇)အိမ္႐ိွၿပီး လူဦးေရ(၄၀၀)ေက်ာ္ရိွသည့္ အနက္ (၅၀)ဦးမွာ အနာႀကီးေရာဂါသည္မ်ားျဖစ္ၿပီး Sisterႀကီး(၈)ဦးမွ ျပဳစုကုသေပးလွ်က္ရိွရာ ေဆး၀ါးႏွင့္ အာဟာရမ်ား လိုအပ္လွ်က္ရိွေၾကာင္း သိရသည္။
"အေယာက္ (၁၀၀)စာ ယူသြားေပးတာ၊ အနာႀကီးေရာဂါေ၀ဒနာသည္က (၅၀)ပဲ စာရင္းရွိလို႔ က်န္တဲ့ (၅၀)စာကို ေက်ာင္းက Sister ေတြဆီအပ္ခဲ့ပါတယ္။ အပတ္စဥ္ တနလၤာေန႔ နဲ႔ ေသာၾကာေန႔ေတြဆို ေရာဂါသည္ေတြကို စားစရာ အာဟာရေတြ ေ၀ေလ့ရွိတယ္လို႔ သိရပါတယ္"ဟု တာခ်ီလိတ္လူငယ္ကြန္ရက္မွ လူငယ္တစ္ဦးက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ရွိ ေစတနာရွင္မ်ားမွ စုေပါင္းလွဴဒါန္း လာၾကသည့္ ေထာက္ပံ့ပစၥည္းမ်ားျဖင့္ တာခ်ီလိတ္လူငယ္ကြန္ရက္မွ အဖြဲ႔၀င္ (၁၂)ဦးက တာခ်ီလိတ္မွ လာေရာက္၍ လွဴဒါန္းျခင္းျဖစ္သည္။
ဓာတ္ပံု/သတင္း။ ။ ဇြဲျမတ္
**********************
( unicode )
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ နောင်ကန်ရွာရှိ အနာကြီးရောဂါသည် (၅၀)ဦးအား စားသောက်ဖွယ်များ၊ အနွေးထည်များနှင့် စောင်များကို တာချီလိတ်လူငယ်ကွန်ရက်မှ ဖေဖော်ဝါရီလ၊ (၇)ရက် နေ့လယ်(၁၂)နာရီက လာရောက်လှူဒါန်းကြောင်း သိရသည်။
"အစ်မတို့အဖွဲ့ အနေနဲ့ လှူဖို့လုပ်ထားတာတော့ ကြာပါပြီ၊ တကယ်လိုအပ်နေတဲ့ နေရာကို ရွေးလိုက်တဲ့ အခါမှာ ဒီရွာလေးကို ရွေးလိုက်ပြီး လာလှူကြတာပါ။ ဒီတစ်ခေါက်အပြင် နောက်တစ်ခေါက်လည်း ဒီမှာလိုအပ်နေတဲ့ ဆေးဝါးနဲ့ အာဟာရတွေကို လာရောက်လှူဒါန်းဖို့ ကြိုးစားသွားမှာပါ"ဟု တာချီလိတ်လူငယ်ကွန်ရက် ဥက္ကဌ ဒေါ်မေဇာခြည်လင်းက ပြောသည်။
အဆိုပါ နောင်ကန်ရွာတွင် အိမ်ခြေ(၁၀၇)အိမ်ရှိပြီး လူဦးရေ(၄၀၀)ကျော်ရှိသည့် အနက် (၅၀)ဦးမှာ အနာကြီးရောဂါသည်များဖြစ်ပြီး Sisterကြီး(၈)ဦးမှ ပြုစုကုသပေးလျှက်ရှိရာ ဆေးဝါးနှင့် အာဟာရများ လိုအပ်လျှက်ရှိကြောင်း သိရသည်။
"အယောက် (၁၀၀)စာ ယူသွားပေးတာ၊ အနာကြီးရောဂေါဝဒနာသည်က (၅၀)ပဲ စာရင်းရှိလို့ ကျန်တဲ့ (၅၀)စာကို ကျောင်းက Sister တွေဆီအပ်ခဲ့ပါတယ်။ အပတ်စဉ် တနင်္လာနေ့ နဲ့ သောကြာနေ့တွေဆို ရောဂါသည်တွေကို စားစရာ အာဟာရတွေဝလေ့ရှိတယ်လို့ သိရပါတယ်"ဟု တာချီလိတ်လူငယ်ကွန်ရက်မှ လူငယ်တစ်ဦးက ပြောသည်။
တာချီလိတ်မြို့ရှိ စေတနာရှင်များမှ စုပေါင်းလှူဒါန်း လာကြသည့် ထောက်ပံ့ပစ္စည်းများဖြင့် တာချီလိတ်လူငယ်ကွန်ရက်မှ အဖွဲ့ဝင် (၁၂)ဦးက တာချီလိတ်မှ လာရောက်၍ လှူဒါန်းခြင်းဖြစ်သည်။
ဓာတ်ပုံ/သတင်း။ ဇွဲမြတ်