တစ္ႏုိင္ငံလံုး အတိုင္းအတာ ပိုလီယိုကာကြယ္ေဆး အစီအစဥ္တြင္ ေဆးအသစ္မ်ား ထည့္သြင္းတိုက္ေကၽြး

တစ္ႏုိင္ငံလံုး အတိုင္းအတာ ပိုလီယိုကာကြယ္ေဆး အစီအစဥ္တြင္ ေဆးအသစ္မ်ား ထည့္သြင္းတိုက္ေကၽြး
ဖေဖော်ဝါရီ 21, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေဖေဖာ္၀ါရီလ(၂၀) ။      ။အမ်ိဳးသားကာကြယ္ေဆးတိုက္ေန႔မ်ားအျဖစ္ ေဖေဖာ္၀ါရီလ(၂၀)ရက္မွစတင္ကာ ႏွစ္ရက္တာသတ္မွတ္ၿပီး တစ္ႏုိင္ငံလံုးအတိုင္းအတာျဖင့္ ေဆာင္ရြက္ေနသည့္ အသက္ငါးႏွစ္ေအာက္ ကေလးငယ္မ်ားအား ကာကြယ္ေဆးတိုက္ေကၽြးမႈ အစီအစဥ္တြင္ ကာကြယ္ေဆးအသစ္မ်ားကို ထည့္သြင္းထားေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံ တစ္၀န္းလုံးမွာ႐ိွတဲ့ ကေလးငယ္ေတြအားလုံးကို ကာကြယ္ေဆး ထိုးႏွံတိုက္ေကြၽးျခင္းျဖင့္ ကူးစက္ေရာဂါ(၉)မ်ိဳးကေန ကင္းေ၀းေစဖို႔ ပုံမွန္ကာကြယ္ေဆးထိုးႏွံတိုက္ေကြၽးျခင္းလုပ္ငန္းမွာ ကာကြယ္ေဆး အသစ္ေတြကိုပါ ထည့္သြင္းၿပီးေတာ့ ထိုးႏွံေပးေနပါတယ္။"ဟု တြဲဖက္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာေဇာ္လင္းက ေျပာသည္။

ကာကြယ္ေဆးတုိက္ေကၽြးသည့္ အစီအစဥ္အား ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕နယ္ရိွ ၿမိဳ႕နယ္(၁၀) ၿမိဳ႕နယ္တြင္လည္း ေဖေဖာ္ဝါရီလ (၂၀) ရက္က စတင္တိုက္ေကၽြးေနေၾကာင္း သိရသည္။

ပိုလီယိုကာကြယ္ေဆးအသစ္ျဖစ္သည့္ (IVP) ထိုးေဆးကို ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလတြင္ ပုံမွန္ကာကြယ္ ေဆးထိုးအစီအစဥ္တြင္ စတင္ ထည့္သြင္းထိုးႏွံၿပီး ၂၀၁၆ခုႏွစ္ ဧၿပီလ (၂၉)ရက္ေန႔တြင္ ယခုလက္႐ိွ တိုက္ေကြၽးေနေသာ ေဆးအမ်ိဳးအစားသစ္ကို ေျပာင္းလဲတိုက္ေကြၽးမည္ျဖစ္ၿပီး ေရာဂါပိုး ေစာင့္ၾကပ္ၾကည့္႐ႉျခင္းကိုလည္း ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

"က်န္းမာေရး ၀န္ထမ္းမ်ားအေနနဲ႔ ပိုလီယိုကာကြယ္ေဆးနဲ႔ ပတ္သက္တဲ့ အသိပညာ ဗဟုသုတေတြကို အမ်ားျပည္သူ သိ႐ိွနားလည္ေစဖို႔ လက္ကမ္းစာေစာင္မ်ား ေ၀ငွျခင္း၊ မိဘအုပ္ထိန္းသူမ်ားကို ပိုလီယိုကာကြယ္ေဆးနဲ႔ ပတ္သက္တဲ့ အသိပညာျဖန္႔ေ၀ေပးၿပီး ကာကြယ္ထိုးေပးရတဲ့ ရည္႐ြယ္ခ်က္ကို သိေစၿပီး လိုလုိခ်င္ခ်င္နဲ႔ ကာကြယ္ေဆး လာေရာက္ထိုးႏိုင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကပါ"ဟု ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းစံဦးက တိုက္တြန္းေျပာၾကားလိုက္သည္။

႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ အမ်ိဳးသားကာကြယ္ေဆးတိုက္ေန႔မ်ား ဖြင့္ပြဲအခမ္းအနားကို ေဖေဖာ္၀ါရီလ၊ ၂၀ ရက္ေန႔က က်င္းပလိုက္ၿပီး အသက္ငါးႏွစ္ေအာက္ ကေလးငယ္မ်ားအား ပိုလီယိုကာကြယ္ေဆးတိုက္ေကၽြးျခင္းကို ၿမိဳ႕ေတာ္ခန္းမတြင္ စတင္ေဆာင္ရြက္ေနကာ သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ ေဖေဖာ္၀ါရီလ (၂၀ -၂၂)ရက္မ်ားအတြင္း လာေရာက္ တိုက္ေကြၽးႏိုင္ေၾကာင္းသိရသည္။

ပိုလီယိုကာကြယ္ေဆးအား တစ္ႏိုင္ငံလုံး႐ိွ ၿမိဳ႕နယ္(၃၀၈)ၿမိဳ႕တြင္ လ်ာထားကေလးဦးေရ (၄.၂၂သန္း)ခန္႔ကို တိုက္ေကြၽးသြားမည္ျဖစ္ေၾကာင္းသိရသည္။

သတင္း။  ။ ဇြဲျမတ္
**********************************

( unicode )

ကျိုင်းတုံ၊ ဖေဖော်ဝါရီလ(၂၀)။အမျိုးသားကာကွယ်ဆေးတိုက်နေ့များအဖြစ် ဖေဖော်ဝါရီလ(၂၀)ရက်မှစတင်ကာ နှစ်ရက်တာသတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် အသက်ငါးနှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးမှု အစီအစဉ်တွင် ကာကွယ်ဆေးအသစ်များကို ထည့်သွင်းထားကြောင်း သိရသည်။

"မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ ကလေးငယ်တွေအားလုံးကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကူးစက်ရောဂါ(၉)မျိုးကနေ ကင်းေဝးစေဖို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းမှာ ကာကွယ်ဆေး အသစ်တွေကိုပါ ထည့်သွင်းပြီးတော့ ထိုးနှံပေးနေပါတယ်။"ဟု တွဲဖက်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်းက ပြောသည်။

ကာကွယ်ဆေးတိုက်ကျွေးသည့် အစီအစဉ်အား ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ မြို့နယ်(၁၀) မြို့နယ်တွင်လည်း ဖေဖော်ဝါရီလ (၂၀) ရက်က စတင်တိုက်ကျွေးနေကြောင်း သိရသည်။

ပိုလီယိုကာကွယ်ဆေးအသစ်ဖြစ်သည့် (IVP) ထိုးဆေးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင် ထည့်သွင်းထိုးနှံပြီး ၂၀၁၆ခုနှစ် ဧပြီလ (၂၉)ရက်နေ့တွင် ယခုလက်ရှိ တိုက်ကျွေးနေသော ဆေးအမျိုးအစားသစ်ကို ပြောင်းလဲတိုက်ကျွေးမည်ဖြစ်ပြီး ရောဂါပိုး စောင့်ကြပ်ကြည့်ရှူခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

"ကျန်းမာရေး ဝန်ထမ်းများအနေနဲ့ ပိုလီယိုကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကို အများပြည်သူ သိရှိနားလည်စေဖို့ လက်ကမ်းစာစောင်များေဝငှခြင်း၊ မိဘအုပ်ထိန်းသူများကို ပိုလီယိုကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အသိပညာဖြနေ့်ဝပေးပြီး ကာကွယ်ထိုးပေးရတဲ့ ရည်ရွယ်ချက်ကို သိစပြေီး လိုလိုချင်ချင်နဲ့ ကာကွယ်ဆေး လာရောက်ထိုးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြပါ"ဟု ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးက တိုက်တွန်းပြောကြားလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမျိုးသားကာကွယ်ဆေးတိုက်နေ့များ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ၊ ၂၀ ရက်နေ့က ကျင်းပလိုက်ပြီး အသက်ငါးနှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းကို မြို့တော်ခန်းမတွင် စတင်ဆောင်ရွက်နေကာ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဖေဖော်ဝါရီလ (၂၀ -၂၂)ရက်များအတွင်း လာရောက် တိုက်ကျွေးနိုင်ကြောင်းသိရသည်။

ပိုလီယိုကာကွယ်ဆေးအား တစ်နိုင်ငံလုံးရှိ မြို့နယ်(၃၀၈)မြို့တွင် လျာထားကလေးဦးရေ (၄.၂၂သန်း)ခန့်ကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~