တာခ်ီလိတ္၊ ေဖေဖာ္ဝါရီလ ( ၂၇ ) ရက္ ။ ။႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕မွ တ႐ုတ္ႏိုင္ငံသို႔ စပါးတင္ပို႔ေနသျဖင့္ စပါးေစ်းျမင့္တက္ေနေသာ္လည္း ေဒသတြင္း ဆန္ေစ်းကြက္မွာ တည္ၿငိမ္ေနေၾကာင္း သိရသည္။
"ဆန္ေစ်းကေတာ့ ပုံမွန္ပဲ။ ဒါေပမဲ့ စပါးေစ်းေတြက တက္ေနတယ္။ ဘာလို႔လဲဆိုေတာ့ အာဏာပိုင္ေတြက ထိန္းမေပးလို႔ ေမွာင္ခိုသေဘာမ်ိဳးနဲ႔ မိုင္းေယာင္း၊ မိုင္းယုဘက္ကို ေရာက္ကုန္တယ္။ အဲဒီဘက္က လူေတြကလည္း က်ဳိင္းတုံအထိ ေစ်းႀကီးေပးၿပီး ဆင္း၀ယ္ၾကတယ္ေလ။ ဒါေၾကာင့္ စပါးေစ်းေတြက ျမင့္ေနတာပါ"ဟု က်ဳိင္းတုံဆန္စပါးကုန္သည္ႀကီးမ်ား ဥကၠဌ ဦးမုန္းကိုက ေျပာသည္။
က်ဳိင္းတုံုၿမိဳ႕ စပါးေပါက္ေစ်းမွာ ယခင္က ကီလို(၄၀) စပါးတစ္အိတ္လွ်င္ (၁၁,၅၀၀)က်ပ္ ရိွရာမွ ေဖေဖာ္ဝါရီလ (၂၅)ရက္တြင္ (၁၄,၅၀၀)က်ပ္အထိ႐ိွၿပီး စပါးေစ်းမွာ ဇန္န၀ါရီလကတည္းက စတင္ျမင့္တက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
"ယခုလက္႐ိွ ဆန္စပါးေစ်းေတြ ျမင့္ေနပါတယ္။ အဓိက အေၾကာင္းရင္းက ကုန္သည္ေတြက စပါး၀ယ္ၿပီး သိုေလွာင္ၾကတာရယ္ ဟိုတစ္ေခါက္က ေရအႀကီးအက်ယ္ လႊမ္းသြားတာေတြေၾကာင့္ပါ။"ဟု ဆန္စပါး အေရာင္းအ၀ယ္လုပ္သူ ေဒသခံတစ္ဦးက ဆိုသည္။
စပါးကို က်ိဳင္းတုံမွ မိုင္းလားသို႔ အဓိကတင္ပို႔ၿပီး ထိုမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသုိ႔ တင္သြင္းၾကျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ဇြဲျမတ္
*****************
တာချီလိတ်၊ ဖေဖော်ဝါရီလ ( ၂၇ ) ရက်။ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ တရုတ်နိုင်ငံသို့ စပါးတင်ပို့နေသဖြင့် စပါးဈေးမြင့်တက်နေသော်လည်း ဒေသတွင်း ဆန်ဈေးကွက်မှာ တည်ငြိမ်နေကြောင်း သိရသည်။
"ဆန်ဈေးကတော့ ပုံမှန်ပဲ။ ဒါပေမဲ့ စပါးဈေးတွေက တက်နေတယ်။ ဘာလို့လဲဆိုတော့ အာဏာပိုင်တွေက ထိန်းမပေးလို့ မှောင်ခိုသဘောမျိုးနဲ့ မိုင်းယောင်း၊ မိုင်းယုဘက်ကို ရောက်ကုန်တယ်။ အဲဒီဘက်က လူတွေကလည်း ကျိုင်းတုံအထိ ဈေးကြီးပေးပြီး ဆင်းဝယ်ကြတယ်လေ။ ဒါကြောင့် စပါးဈေးတွေက မြင့်နေတာပါ"ဟု ကျိုင်းတုံဆန်စပါးကုန်သည်ကြီးများ ဥက္ကဌ ဦးမုန်းကိုက ပြောသည်။
ကျိုင်းတုံမြို့ စပါးပေါက်ဈေးမှာ ယခင်က ကီလို(၄၀) စပါးတစ်အိတ်လျှင် (၁၁,၅၀၀)ကျပ် ရှိရာမှ ဖေဖော်ဝါရီလ (၂၅)ရက်တွင် (၁၄,၅၀၀)ကျပ်အထိရှိပြီး စပါးဈေးမှာ ဇန်နဝါရီလကတည်းက စတင်မြင့်တက်နခြေင်းဖြစ်ကြောင်း သိရသည်။
"ယခုလက်ရှိ ဆန်စပါးဈေးတွေ မြင့်နေပါတယ်။ အဓိက အကြောင်းရင်းက ကုန်သည်တွေက စပါးဝယ်ပြီး သိုလှောင်ကြတာရယ် ဟိုတစ်ခေါက်က ရေအကြီးအကျယ် လွှမ်းသွားတာတွေကြောင့်ပါ။"ဟု ဆန်စပါး အရောင်းအဝယ်လုပ်သူ ဒေသခံတစ်ဦးက ဆိုသည်။
စပါးကို ကျိုင်းတုံမှ မိုင်းလားသို့ အဓိကတင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်