Miss Kyaing Tong 2016 ၏ ဆုရၿပိဳင္ပြဲဝင္တစ္ဦး Crown ျပန္လည္အပ္ႏွံၿပီး ၿပိဳင္ပြဲမွ ႏႈတ္ထြက္

Miss Kyaing Tong 2016 ၏ ဆုရၿပိဳင္ပြဲဝင္တစ္ဦး Crown ျပန္လည္အပ္ႏွံၿပီး ၿပိဳင္ပြဲမွ ႏႈတ္ထြက္
ဖေဖော်ဝါရီ 27, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေဖေဖာ္ဝါရီလ (၂၇) ရက္ ။   ။ Miss Kyaing Tong 2016 ၏ First Runner Up ႏွင့္ People Choice Award တို႔၏ဆု႐ွင္ နန္းေမြဟြမ္က သရဖူႏွင့္ဆုမ်ားကို ၿပိဳင္ပြဲက်င္းပေရးအဖြဲ႕ထံ ျပန္လည္ အပ္ႏွံကာ Miss Golden Land Shan State East ၿပိဳင္ပြဲမွႏႈတ္ထြက္ေၾကာင္း နန္းေမြဟြမ္က ေၾကညာလိုက္သည္။

"ကြၽန္မရဲ႕ ေျပာျပလို႔မရတဲ့ ကိုယ္ေရးကိုယ္တာ ကိစၥေၾကာင့္ရယ္ အခုတက္ေနတဲ့ ႐ူပေဗဒ ဂုဏ္ထူးတန္း တတိယႏွစ္ေျဖၿပီးရင္ မဟာတန္းကိုပါ ဆက္တက္မယ္လို႔ ဆုံးျဖတ္ထားတဲ့အတြက္ ပညာေရးဖက္ကို ပိုအားထည့္ခ်င္လို႔ ရထားတဲ့ Crownနဲ႔ ဆုေတြကို ျပန္အပ္ၿပီးေတာ့ ေနာက္လာမယ့္ ၿပိဳင္ပြဲကေနလည္း ႏႈတ္ထြက္လိုက္တာပါ။ အားေပးခဲ့တဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။"ဟု ေမာ္ဒယ္ နန္းေမြဟြမ္က ေျပာသည္။

ယင္းကဲ့သို႔ ျပန္လည္အပ္ႏွံလိုက္ေၾကာင္း ေမာ္ဒယ္နန္းေမြဟြမ္က ေၾကညာထားေသာ္လည္း အဖြဲ႕အစည္းထံ တရားဝင္လာေရာက္အပ္ႏွံျခင္း မရိွေသးေၾကာင္း သိရသည္။

"ေမာ္ဒယ္ နန္းေမြဟြမ္က သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ Crown နဲ႔ ဆုေတြကို Organizationကို ျပန္လည္ေပးအပ္မယ္လို႔ သတင္းစာေတြကေန ေၾကညာထားတာပဲ ႐ိွေသးတာပါ။ Organization ကို လာၿပီးေတာ့ တရား၀င္ ႏႈတ္ထြက္စာတင္ၿပီး Crown ေတြ လာမအပ္ေသးပါဘူး။ လာအပ္ၿပီးေတာ့မွ Organization ကေနၿပီးေတာ့ တရား၀င္ေၾကညာေပးသြားပါ့မယ္"ဟု Miss East Shan State Organization မွ City Director ဦးထင္စည္ဆန္းႏိုင္က ေျပာသည္။

က်ိဳင္းတုံၿမိဳ႕၌ ဧၿပီလ(၉)ရက္ေန႔တြင္ က်င္းပမည့္ Miss Golden Land Shan State East ၿပိဳင္ပြဲတြင္ Miss Kyaing Tong 2016 ႏွင့္ Miss Tachileik 2016 တို႔မွ ေရြးခ်ယ္ခံထားရသည့္ ဇကာတင္ (၂၀)ဦးက ဆက္လက္ယွဥ္ၿပိဳင္ၾကရမည္ျဖစ္သည္။

သတင္း။  ။ ဇြဲျမတ္
*************

ကျိုင်းတုံ၊ ဖေဖော်ဝါရီလ (၂၇) ရက်။ Miss Kyaing Tong 2016၏ First Runner Up နှင့် People Choice Award တို့၏ဆုရှင် နန်းမွေဟွမ်က သရဖူနှင့်ဆုများကို ပြိုင်ပွဲကျင်းပရေးအဖွဲ့ထံ ပြန်လည် အပ်နှံကာ Miss Golden Land Shan State East ပြိုင်ပွဲမှနှုတ်ထွက်ကြောင်း နန်းမွေဟွမ်က ကြေညာလိုက်သည်။

"ကျွန်မရဲ့ ပြောပြလို့မရတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ရယ် အခုတက်နေတဲ့ ရူပဗေဒ ဂုဏ်ထူးတန်း တတိယနှစ်ဖြပြေီးရင် မဟာတန်းကိုပါ ဆက်တက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ပညာရေးဖက်ကို ပိုအားထည့်ချင်လို့ ရထားတဲ့ Crownနဲ့ ဆုတွေကို ပြန်အပ်ပြီးတော့ နောက်လာမယ့် ပြိုင်ပွဲကနေလည်း နှုတ်ထွက်လိုက်တာပါ။ အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။"ဟု မော်ဒယ် နန်းမွေဟွမ်က ပြောသည်။

ယင်းကဲ့သို့ ပြန်လည်အပ်နှံလိုက်ကြောင်း မော်ဒယ်နန်းမွေဟွမ်က ကြေညာထားသော်လည်း အဖွဲ့အစည်းထံ တရားဝင်လာရောက်အပ်နှံခြင်း မရှိသေးကြောင်း သိရသည်။

"မော်ဒယ် နန်းမွေဟွမ်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် Crown နဲ့ ဆုတွေကို Organizationကို ပြန်လည်ပေးအပ်မယ်လို့ သတင်းစာတွေကနေ ကြေညာထားတာပဲ ရှိသေးတာပါ။ Organization ကို လာပြီးတော့ တရားဝင် နှုတ်ထွက်စာတင်ပြီး Crown တွေ လာမအပ်သေးပါဘူး။ လာအပ်ပြီးတော့မှ Organization ကနပြေီးတော့ တရားဝင်ကြေညာပေးသွားပါ့မယ်"ဟု Miss East Shan State Organization မှ City Director ဦးထင်စည်ဆန်းနိုင်က ပြောသည်။

ကျိုင်းတုံမြို့၌ ဧပြီလ(၉)ရက်နေ့တွင် ကျင်းပမည့် Miss Golden Land Shan State East ပြိုင်ပွဲတွင် Miss Kyaing Tong 2016 နှင့် Miss Tachileik 2016 တို့မှ ရွေးချယ်ခံထားရသည့် ဇကာတင် (၂၀)ဦးက ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~