ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ ကလေးပြုစုရေးဌာနတွင် ဆရာ၊ ဆရာမအင်အားနှင့် ရန်ပုံငွေ မလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။
"ဆရာမတို့ကျောင်းမှာ မိဘမဲ့ကလေး (၅၀)ရှိပါတယ်။ ဆရာမအင်အားက (၆)ဦးပဲ ရှိတဲ့အတွက် အခက်အခဲရှိပါတယ်။ ပြီးရင် နိုင်ငံတော်က ကလေးတစ်ယောက်ကို စားစရိတ် တစ်ရက်(၄၀၀)ကျပ်ပဲ ထောက်ပံ့တဲ့အတွက် စားသောက်ရေးမှာ အလှူရှင်တွေက ရှိပေမဲ့ ကလေးတွေရဲ့ အထွေထွေ သုံးစရိတ်အတွက် ရန်ပုံငွေက လိုအပ်နေပါတယ်"ဟု ကလေးပြုစုရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီခိုင်က ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အဆိုပါကျောင်းတွင် မိမဲ့၊ ဖမဲ့၊ မိဘမဲ့၊ မိဘများက ပြစ်ဒဏ်ကျခံနေရ၍ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသော ကလေးစုစုပေါင်း (၅၀)ဦးရှိသည့်အနက် သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားနေသော ကလေး(၄၄)ဦး၊ မူကြိုအရွယ်ကလေး (၆)ဦးရှိကြောင်းနှင့် အဆိုပါ ကျိုင်းတုံကလေးပြုစုရေးဌာနကို ၁၉၇၈ ခုနှစ်ကတည်းက စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံကလေးပြုစုရေးဌာန
084-21313
သတင်း/ဓာတ်ပုံ။ ။ ဇွဲမြတ်