ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ စက္သံုးဆီေစ်းႏႈန္းမ်ားကို (၁၅)ရက္ တစ္ႀကိမ္ ေျပာင္းလဲၿပီး ေဖေဖာ္ဝါရီလ (၉) ရက္မွ ေဖေဖာ္ဝါရီလ (၂၃) ရက္အထိ စက္သံုးေလာင္စာဆီေစ်းႏွဳန္းကို ဒီဇယ္ တစ္လီတာ (၂၀)ဘတ္၊ ဓာတ္ဆီတစ္လီတာ (၂၂)ဘတ္ျဖင့္ သတ္မွတ္ေပးလိုက္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ေလာင္စာဆီေစ်းႏႈန္းကို (၁၅)ရက္ တစ္ႀကိမ္ ဆီပန္႔လုပ္ငန္းရွင္မ်ားအသင္းမွ ေကာ္မတီတစ္ရပ္ျဖင့္ ေစ်းႏႈန္းေျပာင္းလဲ သတ္မွတ္ေပးေနေၾကာင္း သိရသည္။
"ဆီေစ်းႏႈန္းေတြ ထိုးက်လာတာနဲ႔ ပတ္သက္ၿပီး ေကာ္မတီ၀င္ေတြ အားလံုးတေျပးညီ သေဘာတူညီခ်က္ ရယူၿပီးေတာ့ ဆီေစ်းႏႈန္းကို ခ်ေပးလိုက္ပါတယ္။ ဒီဇယ္ကို တစ္လီတာ (၂၀)ဘတ္နဲ႔ ေစ်းႏႈန္း သတ္မွတ္လိုက္တယ္။ ဓာတ္ဆီကို (၂၂)ဘတ္နဲ႔ သတ္မွတ္ေပးလိုက္ပါတယ္"ဟု တာခ်ီလိတ္ ဆီပန္႔လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးၾကည္ျမင့္က ေျပာသည္။
၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလ(၉)ရက္မွ ေဖေဖာ္၀ါရီလ(၂၃)ရက္ေန႔အထိ အဆိုပါ ေစ်းႏႈန္းျဖင့္ သတ္မွတ္ေပးလိုက္ျခင္း ျဖစ္ၿပီး ေစ်းႏႈန္းမ်ား က်လာပါက ထပ္မံ၍ ေလွ်ာ့ခ်ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။
"လမ္းေဘးမွာ ေရာင္းတဲ့ ဆီေစ်းႏႈန္း နဲ႔ ဆီပန္႔ေရာင္းေစ်းက (၂)ဘတ္ ကေန (၃)ဘတ္ေလာက္အထိ ကြာတယ္။ တခ်ဳိ႕က်ေတာ့လည္း သက္သာခ်င္လို႔ ဆီပန္႔မွာ သြားထည့္တာရွိသလို လမ္းေဘးမွာ ပုလင္းနဲ႔ထည့္ေရာင္းတဲ့ ဆိုင္ေတြမွာ ထည့္ၾကတာလည္းရွိပါတယ္။"ဟု အငွား ဆိုင္ကယ္ ကယ္ရီေျပးဆြဲသူ ကိုေမာင္ေအးက ဆိုသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏိုင္ငံမွ တင္သြင္းသည့္ ေလာင္စာဆီမ်ားကို ေရာင္းခ်ေနသည့္ တာခ်ီလိတ္ၿမိဳ႕ေပၚမွ ဆီပန္႔(၁၅)ခုခန္႔ႏွင့္ မိုင္းဖုန္းေဒသဘက္မွ (၃)ခု စုစုေပါင္း (၁၈)ခုခန္႔မွ ေလာင္စာဆီေစ်းႏႈန္းမ်ားကို တညီတညြတ္တည္း ေရာင္းခ်ႏုိင္ရန္ ဆီပန္႔လုပ္ငန္းရွင္မ်ားအသင္းက (၁၅)ရက္တစ္ႀကိမ္ ေကာ္မတီ၀င္မ်ား အစည္းအေ၀းထိုင္ၿပီး ေစ်းႏႈန္းသတ္မွတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။
***************
( unicode )
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီဈေးနှုန်းများကို (၁၅)ရက် တစ်ကြိမ် ပြောင်းလဲပြီး ဖေဖော်ဝါရီလ (၉) ရက်မှ ဖေဖော်ဝါရီလ (၂၃) ရက်အထိ စက်သုံးလောင်စာဆီဈေးနှုန်းကို ဒီဇယ် တစ်လီတာ (၂၂)ဘတ်၊ ဓာတ်ဆီတစ်လီတာ (၂၀)ဘတ်ဖြင့် သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် လောင်စာဆီဈေးနှုန်းကို (၁၅)ရက် တစ်ကြိမ် ဆီပန့်လုပ်ငန်းရှင်များအသင်းမှ ကော်မတီတစ်ရပ်ဖြင့် ဈေးနှုန်းပြောင်းလဲ သတ်မှတ်ပေးနေကြောင်း သိရသည်။
"ဆီဈေးနှုန်းတွေ ထိုးကျလာတာနဲ့ ပတ်သက်ပြီး ကော်မတီဝင်တွေ အားလုံးတပြေးညီ သဘောတူညီချက် ရယူပြီးတော့ ဆီဈေးနှုန်းကို ချပေးလိုက်ပါတယ်။ ဒီဇယ်ကို တစ်လီတာ (၂၀)ဘတ်နဲ့ ဈေးနှုန်း သတ်မှတ်လိုက်တယ်။ ဓာတ်ဆီကို (၂၂)ဘတ်နဲ့ သတ်မှတ်ပေးလိုက်ပါတယ်"ဟု တာချီလိတ် ဆီပန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်မှ ဖေဖော်ဝါရီလ(၂၃)ရက်နေ့အထိ အဆိုပါ ဈေးနှုန်းဖြင့် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ပြီး ဈေးနှုန်းများ ကျလာပါက ထပ်မံ၍ လျှော့ချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
"လမ်းဘေးမှာ ရောင်းတဲ့ ဆီဈေးနှုန်း နဲ့ ဆီပန့်ရောင်းဈေးက (၂)ဘတ် ကနေ (၃)ဘတ်လောက်အထိ ကွာတယ်။ တချို့ကျတော့လည်း သက်သာချင်လို့ ဆီပန့်မှာ သွားထည့်တာရှိသလို လမ်းဘေးမှာ ပုလင်းနဲ့ထည့်ရောင်းတဲ့ ဆိုင်တွေမှာ ထည့်ကြတာလည်းရှိပါတယ်။"ဟု အငှါး ဆိုင်ကယ် ကယ်ရီပြေးဆွဲသူ ကိုမောင်အေးက ဆိုသည်။
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် လောင်စာဆီများကို ရောင်းချနေသည့် တာချီလိတ်မြို့ပေါ်မှ ဆီပန့်(၁၅)ခုခန့်နှင့် မိုင်းဖုန်းဒေသဘက်မှ (၃)ခု စုစုပေါင်း (၁၈)ခုခန့်မှ လောင်စာဆီဈေးနှုန်းများကို တညီတညွတ်တည်း ရောင်းချနိုင်ရန် ဆီပန့်လုပ်ငန်းရှင်များအသင်းက (၁၅)ရက်တစ်ကြိမ် ကော်မတီဝင်များ အစည်းအေဝးထိုင်ပြီး ဈေးနှုန်းသတ်မှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။