တာချီလိတ်ခရိုင်အတွင်း ဘိန်းခင်း (၆၉)ဧကကျော် ဖျက်ဆီး

တာချီလိတ်ခရိုင်အတွင်း ဘိန်းခင်း (၆၉)ဧကကျော် ဖျက်ဆီး
ဖေဖော်ဝါရီ 18, 2016
By Tachileik News Agency


ဖေဖော်ဝါရီလ(၂)ရက်နေ့မှ ဖေဖော်ဝါရီလ (၅)ရက်နေ့အထိ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(နောက်)အုပ်စုရှိ မကာရွာနှင့် ခမ်းရှဲန်ရွာ ပတ်ဝန်းကျင်၌ စုစုပေါင်း ဘိန်းခင်း (၁၉.၂၅)ဧကကို ဖျက်ဆီးခဲ့ရာ အသီးပွင့်ဆဲ ဘိန်းခင်းများနှင့် အသီးခြစ်ဆဲ ဘိန်းခင်းများပါဝင်ကြောင်း သိရသည်။


တာလေမြို့ နှင့် မိုင်းဖြတ်မြို့ ကျေးရွာများရှိ ဘိန်းခင်းဖျက်ဆီးမှုတွင် တပ်နယ်မှ အရာရှိများ အပါအ၀င် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းကာ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များ ဖွဲ့ကာ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

***************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ဖေဖော်ဝါရီလ(၂)ရက်နေ့မှ ဖေဖော်ဝါရီလ (၉)ရက်နေ့အထိ ဘိန်းခင်းပေါင်း (၆၉)ဧကကျော်ကို ပူးပေါင်းအဖွဲ့ဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီလ(၂)ရက်နေ့မှ ဖေဖော်ဝါရီလ (၅)ရက်နေ့အထိ တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်း(နောက်)အုပ်စုရှိ မကာရွာနှင့် ခမ်းရှဲန်ရွာ ပတ်ဝန်းကျင်၌ စုစုပေါင်း ဘိန်းခင်း (၁၉.၂၅)ဧကကို ဖျက်ဆီးခဲ့ရာ အသီးပွင့်ဆဲ ဘိန်းခင်းများနှင့် အသီးခြစ်ဆဲ ဘိန်းခင်းများပါဝင်ကြောင်း သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီလ(၄)ရက်နေ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့နယ် နမ့်ပန်အုပ်စုအတွင်း၌ ဘိန်းခင်း (၂၇)ဧက နှင့် လန်းဆက်အုပ်စုအတွင်း ဘိန်းခင်း (၂၃)ဧက စုစုပေါင်း ဘိန်းခင်း ဧက(၅၀)ခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါ မူးယစ်အဖွဲ့မှ သိရသည်။

တာလမြေို့ နှင့် မိုင်းဖြတ်မြို့ ကျေးရွာများရှိ ဘိန်းခင်းဖျက်ဆီးမှုတွင် တပ်နယ်မှ အရာရှိများ အပါအဝင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းကာ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များ ဖွဲ့ကာ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~