ဇီးကွက် အရှင်လတ်လတ် ဆေးရည်စိမ် အရက်

ဇီးကွက် အရှင်လတ်လတ် ဆေးရည်စိမ် အရက်
ဇနျနဝါရီ 9, 2016
By Tachileik News Agency
( ဇီးကွက်များ စိမ်ထားသည့် ဆေးရည်စိမ်အရက်ပုလင်းကြီးများ )

တရုတ်နိုင်ငံအတွင်း ဇီးကွက် အရှင်လတ်လတ်များကို ဆေးရည်စိမ်အရက်အဖြစ် ပြုလုပ်ပြီး ရောင်းချနေသည့် ကိစ္စနှင့် ပတ်သက်၍ တိရစ္ဆာန်ချစ်ခင်သူများ၏ ဝေဖန်ပြောဆိုမှုများဟာ တရုတ်နိုင်ငံ လူမှုကွန်ရက် များပေါ်တွင် ပွက်လောရိုက်စေခဲ့ပြီး ထိုသို့ ပြုမူသူအား အရေးယူပေးစေလိုကြောင်း တောင်းဆိုနေသည်များကို အွန်လိုင်း ၀ဘ်ဆိုက်များက ဖော်ပြထားရှိသည်။




"ဇီးကွက်ဆေးရည်စိမ် အရက်ဟာ တကယ်တော့ လူအများ ထင်သလို ဘာဆေးအာနိသင်မှ မရှိပါဘူး၊ ပြီးတော့ ဒီလို တိရစ္ဆာန်မျိုးဟာ ဘက်တီးရီးယားပို များပြီးတော့ ကျန်းမာရေးကို အထောက်အကူပြုမဲ့အစား ကျန်းမာရေးကိုတောင် ပိုပြီး ထိခိုက်စေတာတော့ အမှန်ပါပဲ.."ဟု ချန်တူးဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခ လီယွန်က ပြောကြားသည်။

ဇီးကွက် သတ္တ၀ါအား တရုတ်နိုင်ငံမှ ထိန်းသိမ်းစောင့်ရှောက်ရမည့် စာရင်းတွင် ပါဝင်သည့်အတွက် ယခုလို တိရစ္ဆာန်အား ရက်စက်ခြင်းသည် တရားဥပဒေကို ဆန့်ကျင်ရာ ရောက်သည့်အတွက် ထုတ်လုပ် ရောင်းချသူကို တရားဥပဒေအရ အရေးယူနိုင်ကြောင်း တရုတ်နိုင်ငံ ဥပဒေ ပညာရှင်များက ဆိုသည်။

တရုတ်နိုင်ငံတွင် ကျန်းမာရေး ကောင်းမွန်သည်ဟုဆိုကာ တိရစ္ဆာန် အကောင်ငယ်များကို အရှင်လတ်လတ် အရက်ဖြင့် စိမ်ကာ ဆေးရည်စိမ် အရက်အဖြစ် ရောင်းချမှု အများအပြား ရှိနေသော်လည်း သက်ဆိုင်ရာမှ တားဆီး အရေးယူမှု လျော့နည်းလျှက်ရှိကြောင်း သိရသည်။

ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref; thesun, dailymail, 4travel

**********************

( unicode )

တရုတ်နိုင်ငံအတွင်း ဇီးကွက် အရှင်လတ်လတ်များကို ဆေးရည်စိမ်အရက်အဖြစ် ပြုလုပ်ပြီး ရောင်းချနေသည့် ကိစ္စနှင့် ပတ်သက်၍ တိရစာ္ဆန်ချစ်ခင်သူများ၏ေဝဖန်ပြောဆိုမှုများဟာ တရုတ်နိုင်ငံ လူမှုကွန်ရက် များပေါ်တွင် ပွက်လောရိုက်စေခဲ့ပြီး ထိုသို့ ပြုမူသူအား အရေးယူပေးစေလိုကြောင်း တောင်းဆိုနေသည်များကို အွန်လိုင်း ဝဘ်ဆိုက်များက ဖော်ပြထားရှိသည်။

"အခုလို စိမ်တဲ့အခါမှာလည်း အာနိသင်ရှိစေဖို့ ဇီးကွက် အကောင်တိုင်းကို အရှင်လတ်လတ်ဖမ်းပြီးနောက် ပုလင်းထဲမှာဘဲ အသက်ထွက်စေပါတယ်၊ အဲ့ဒီနောက်မှာတော့ ပုလင်းထဲကို အရက်တွေ ပုံမှန် ထည့်ပေးတယ်၊ ဒီလို လုပ်ခြင်းဟာ ဆေးရည်စိမ်အရက်ရဲ့ သဘော သဘာဝ အရ ပိုပြီး အာနိသင် ရှိစေတာပါ.."ဟု ကိုယ်တိုင်ထုတ်လုပ် ရောင်းချသူ တရုတ်နိုင်ငံ ကွမ်းကျိုးမြို့က မစ္စတာလီက ပြောသည်။

ဆေးရည်စိမ် ပုလင်းထဲက ဇီးကွက်များသည် မျက်လုံးမှာဖြူပြီး အချိန်တိုင်း ပြုးကြည့်နေသလို တွေ့ရှိရပြီး ကြောက်စရာ အနေအထားနှင့် ထူးဆန်းစွာ တွေ့ရှိရသည့် အတွက် တရုတ်နိုင်ငံမှ အလွတ် သတင်းထောက်များက ထုတ်လုပ်သူများကို စုံစမ်းကာ မေးမြန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဇီးကွက်ဆေးရည်စိမ် အရက်ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး ဦးခေါင်းကိုက်ခဲခြင်းနှင့် အကြောပိုင်း ဆိုင်ရာ ကိုက်ခဲမှုများကို ပျောက်ကင်းစေကြောင်း ထုတ်လုပ်သူ မစ္စတာလီ က ထပ်လောင်း ပြောကြားသည်။

"ဇီးကွက်ဆေးရည်စိမ် အရက်ဟာ တကယ်တော့ လူအများ ထင်သလို ဘာဆေးအာနိသင်မှ မရှိပါဘူး၊ ပြီးတော့ ဒီလို တိရစာ္ဆန်မျိုးဟာ ဘက်တီးရီးယားပို များပြီးတော့ ကျန်းမာရေးကို အထောက်အကူပြုမဲ့အစား ကျန်းမာရေးကိုတောင် ပိုပြီး ထိခိုက်စေတာတော့ အမှန်ပါပဲ.."ဟု ချန်တူးဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခ လီယွန်က ပြောကြားသည်။

ဇီးကွက် သတ္တဝါအား တရုတ်နိုင်ငံမှ ထိန်းသိမ်းစောင့်ရှောက်ရမည့် စာရင်းတွင် ပါဝင်သည့်အတွက် ယခုလို တိရစာ္ဆန်အား ရက်စက်ခြင်းသည် တရားဥပဒေကို ဆန့်ကျင်ရာ ရောက်သည့်အတွက် ထုတ်လုပ်ရောင်းချသူကို တရားဥပဒေအရ အရေးယူနိုင်ကြောင်း တရုတ်နိုင်ငံ ဥပဒေ ပညာရှင်များက ဆိုသည်။

တရုတ်နိုင်ငံတွင် ကျန်းမာရေး ကောင်းမွန်သည်ဟုဆိုကာ တိရစာ္ဆန် အကောင်ငယ်များကို အရှင်လတ်လတ် အရက်ဖြင့် စိမ်ကာ ဆေးရည်စိမ် အရက်အဖြစ် ရောင်းချမှု အများအပြား ရှိနေသော်လည်း သက်ဆိုင်ရာမှ တားဆီး အရေးယူမှု လျော့နည်းလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~