ေဘာလံုးေလာက္ ႀကီးလာတဲ့ ဗိုက္ေၾကာင့္ ပစၥည္းခိုးတယ္လို႔ အထင္ခံေနရသူ

ေဘာလံုးေလာက္ ႀကီးလာတဲ့ ဗိုက္ေၾကာင့္ ပစၥည္းခိုးတယ္လို႔ အထင္ခံေနရသူ
ဇန်နဝါရီ 14, 2016
By Tachileik News Agency

အသက္(၆၇)ႏွစ္ အရြယ္ အဂၤလန္နိုင္ငံသား ဂရန္း ဝီလီယမ္တစ္ေယာက္ သူ႔ဗိုက္က ေဘာလံုးေလာက္ႀကီး ေဖာင္းလာတဲ့ ေဝဒနာကို ႏွစ္ ႏွွစ္ၾကာ ခံစားခဲ့ရတဲ့ အခ်ိန္မွာ အႀကီးဆံုးႀကံဳေနရတဲ့ အခက္အခဲကေတာ့ ပစၥည္းခိုးၿပီး ဗိုက္ထဲမွာ ဖြက္ထားတယ္လို႔ လူေတြက အထင္လြဲခံရတာလို႔ ဆိုပါတယ္။

"ကၽြန္ေတာ္ဆိုင္ေတြမွာ ပစၥည္းသြား၀ယ္ေတာ့ ပစၥည္းခိုးၿပီး ဗိုက္ထဲမွာ ဖြက္ထားတယ္လို႔ လူေတြထင္ၾကတယ္။ တစ္ခါတုန္းက ကၽြန္ေတာ့္ရဲ႕ေခြးနဲ႔ အတူရွိေနတဲ့ အခ်ိန္မွာ ကၽြန္ေတာ့္ကိုေမးတယ္။ ေဟ့ ဘာလို႔ ေဘာလံုးကို ေခြးကို ေပးမေဆာ့တာလဲလို႔ ေမးတယ္။ ေနာက္တစ္ေယာက္က ထပ္ေမးတယ္။ ဘယ္အခ်ိန္မွ ကၽြန္ေတာ့္ရဲ႕အမႊာထြက္လာမွာလဲလို႔။ ကၽြန္ေတာ္ဘယ္သြားသြား လူေတြကၽြန္ေတာ့္ကို ျပဴးၾကည့္တာ။ ကိုယ္ေရာစိတ္ပါ ကၽြန္ေတာ္ အရမ္း စိတ္ဆင္းရဲစြာ ခံစားရတယ္"လို႔ ဂရန္းက ဆိုပါတယ္။

ေနာက္ဆံုး ဂေရးဟမ္ေအာက္ဖ္ဖာလ္ဆိုတဲ့ ခြဲစိတ္ဆရာဝန္နဲ႔ သြားေတြ႔တဲ့ေနာက္ ေျခာက္နာရီၾကာ ခြဲစိတ္ကုသမႈခံယူၿပီး အခုမွာေတာ့ သာမန္ဗိုက္အတိုင္း ျဖစ္သြားပါၿပီလို႔ ဂရန္းကဆိုပါတယ္။

"အူေရြ႕ သြားတယ္ဆိုတာကို သိလုိက္ရတဲ့ အခ်ိန္တုန္းက ကၽြန္ေတာ္ အလြန္စိတ္ညစ္ပါတယ္။ ဒီတစ္ဘဝလံုး ဘာမွလုပ္လို႔ မရေတာ့ဘူး လို႔လည္း စဥ္းစားမိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဗိုက္ကအရမ္းႀကီးေနေတာ့ ေန႔စဥ္သြားလာလႈပ္ရွားရတာ အားလံုး အဆင္မေျပဘူး။ ဒါေပမဲ့ အခုုေတာ့ ကိုယ့္ကိုကိုယ္ မွန္ထဲျပန္ၾကည့္နိုင္ၿပီး ကၽြန္ေတာ့္ရဲ႕ ခႏၶာကိုယ္ျပန္ရၿပီး ဘယ္သြားသြား ကၽြန္ေတာ့္ကိုျပဴးၾကည့္တဲ့လူ မရွိေတာ့ပါဘူး။ ကၽြန္ေတာ္ အလြန္ေပ်ာ္ရႊင္ဝမ္းသာပါတယ္"လို႔ ဂရန္းက ေျပာပါတယ္။

 
သူက အစာအိမ္ကင္ဆာေၾကာင့္ ခြဲစိတ္ခံခဲ့ရၿပီးတဲ့ေနာက္မွာ ေနာက္ဆက္တြဲအေနနဲ႔ "အူေရြ႕" သြားျခင္းေၾကာင့္ အခုဆိုရင္ ပရန္းရဲ႕ဗိုက္ဟာ (၂၀) ကေန (၃၀) စင္တီမီတာအထိ ပိုႀကီးလာၿပီး အေစာပိုင္းတုန္းကေတာ့ ခြဲစိတ္ကုသလို႔လည္း မရဘူးလို႔ ဆိုတဲ့အတြက္ သူ႔မွာဒုကၡေတြ ေရာက္ေနခဲ့ရတာပါ။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; Daily Mail

*************

( unicode )

အသက်(၆၇)နှစ် အရွယ် အင်္ဂလန်နိုင်ငံသား ဂရန်း ဝီလီယမ်တစ်ယောက် သူ့ဗိုက်က ဘောလုံးလောက်ကြီး ဖောင်းလာတဲ့ ဝေဒနာကို နှစ် နှစ်ကြာ ခံစားခဲ့ရတဲ့ အချိန်မှာ အကြီးဆုံးကြုံနေရတဲ့ အခက်အခဲကတော့ ပစ္စည်းခိုးပြီး ဗိုက်ထဲမှာ ဖွက်ထားတယ်လို့ လူတွေက အထင်လွဲခံရတာလို့ ဆိုပါတယ်။

"ကျွန်တော်ဆိုင်တွေမှာ ပစ္စည်းသွားဝယ်တော့ ပစ္စည်းခိုးပြီး ဗိုက်ထဲမှာ ဖွက်ထားတယ်လို့ လူတွေထင်ကြတယ်။ တစ်ခါတုန်းက ကျွန်တော့်ရဲ့ခွေးနဲ့ အတူရှိနေတဲ့ အချိန်မှာ ကျွန်တော့်ကိုမေးတယ်။ ဟေ့ ဘာလို့ ဘောလုံးကို ခွေးကို ပေးမဆော့တာလဲလို့ မေးတယ်။ နောက်တစ်ယောက်က ထပ်မေးတယ်။ ဘယ်အချိန်မှ ကျွန်တော့်ရဲ့အမွှာထွက်လာမှာလဲလို့။ ကျွန်တော်ဘယ်သွားသွား လူတွေကျွန်တော့်ကို ပြူးကြည့်တာ။ ကိုယ်ရောစိတ်ပါ ကျွန်တော် အရမ်း စိတ်ဆင်းရဲစွာ ခံစားရတယ်"လို့ ဂရန်းက ဆိုပါတယ်။

နောက်ဆုံး ဂရေးဟမ်အောက်ဖ်ဖာလ်ဆိုတဲ့ ခွဲစိတ်ဆရာဝန်နဲ့ သွားတွေ့တဲ့နောက် ခြောက်နာရီကြာ ခွဲစိတ်ကုသမှုခံယူပြီး အခုမှာတော့ သာမန်ဗိုက်အတိုင်း ဖြစ်သွားပါပြီလို့ ဂရန်းကဆိုပါတယ်။

"အူရွေ့ သွားတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်တုန်းက ကျွန်တော် အလွန်စိတ်ညစ်ပါတယ်။ ဒီတစ်ဘဝလုံး ဘာမှလုပ်လို့ မရတော့ဘူး လို့လည်း စဉ်းစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုက်ကအရမ်းကြီးနေတော့ နေ့စဉ်သွားလာလှုပ်ရှားရတာ အားလုံး အဆင်မပြေဘူး။ ဒါပေမဲ့ အခုတော့ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်နိုင်ပြီး ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ပြန်ရပြီး ဘယ်သွားသွား ကျွန်တော့်ကိုပြူးကြည့်တဲ့လူ မရှိတော့ပါဘူး။ ကျွန်တော် အလွန်ပျော်ရွှင်ဝမ်းသာပါတယ်"လို့ ဂရန်းက ပြောပါတယ်။

သူက အစာအိမ်ကင်ဆာကြောင့် ခွဲစိတ်ခံခဲ့ရပြီးတဲ့နောက်မှာ နောက်ဆက်တွဲအနေနဲ့ "အူရွေ့" သွားခြင်းကြောင့် အခုဆိုရင် ပရန်းရဲ့ဗိုက်ဟာ (၂၀) ကနေ (၃၀) စင်တီမီတာအထိ ပိုကြီးလာပြီး အစောပိုင်းတုန်းကတော့ ခွဲစိတ်ကုသလို့လည်း မရဘူးလို့ ဆိုတဲ့အတွက် သူ့မှာဒုက္ခတွေ ရောက်နေခဲ့ရတာပါ။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~