မြန်မာနိုင်ငံသား နှစ်ဦးအပေါ် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အပြစ်ရှိသည်ဟု ဒီဇင်ဘာလ(၂၄)ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ကော့စမွေတရားရုံးမှ သတ်မှတ်ကာ သေဒဏ်ချမှတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ မြန်မာပြည်တွင်း ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအား သတိပေးသည့် အနေဖြင့် ထုတ်ပြန်ထားသည်။
ယင်းကြေညာချက်တွင် မြန်မာနိုင်ငံသား နှစ်ဦး ကိစ္စနှင့် ပတ်သက်၍ ဆိုရှယ်နက်ဝေါ့များပေါ်တွင် လှုံ့ဆော်နေသည့် အပြင် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင်လည်း လူစုကာ သံရုံးရှေ့တွင် ဆန္ဒ ထုတ်ဖော်မည်ဟု သိရကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံအတွင်းနေ ထိုင်းနိုင်ငံသားများ အနေဖြင့် ခရီးထွက်ခြင်းကို အထူးဂရုပြုရန်၊ သတိထားကြရန်၊ လူကြားသူကြားထဲ သွားလာပါကလည်း ထိုင်းလူမျိုးဟု ကိုယ့်ကိုကိုယ် မဖော်ပြစေရန် အတွက် အထူးသတိပြုရန် လိုပါကြောင်း ထုတ်ပြန်ထားရှိသည်။
( အကြောင်းအရင်း စီလျော်ရန်သာ ဘာသာပြန်ထားပါသည်။ )