တာချီလိတ်ခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆု(၄၁)ဆု ချီးမြှင့်

တာချီလိတ်ခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆု(၄၁)ဆု ချီးမြှင့်
ဒီဇင်ဘာ 2, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်တွင် ခရိုင်အဆင့်(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကို နိုဝင်ဘာလ (၃၀)ရက် မှ ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လယ်အထိ ကျင်းပပြုလုပ်ပြီးနောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒီဇင်ဘာလ(၁) ရက်နေ့ ညပိုင်းတွင် ဆု(၄၁)ဆုအား အသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုချီးမြှင့်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို သိရှိနိုင်ရန်အတွက် ပြိုင်ပွဲ၏ ဒိုင်ချုပ်ဖြစ်သူ တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှမှ ရှင်းလင်းပြောကြားသည်။
ယင်းနောက် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မိုင်းယောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ ပြည်နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ငြိမ်း၊ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်၊ စစ်ဗျူဟာမှူး၏ ဇနီး နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဇနီးတို့မှ ဆု(၄၁)ဆုကို တစ်ဦးချင်းစီ အလိုက် အသီးသီး ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ၌ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် မြို့နယ်များမှ အခြေခံ ပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အခြေခံပညာ အဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အခြေခံ ပညာအဆင့် အသက် (၁၅)နှစ်မှ (၂၀)နှစ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာ အဆင့် ပြိုင်ပွဲ နှင့် ၀ါသနာရှင်အဆင့် ဒုတိယတန်း(အမျိုးသား) ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ရာမှ ပထမ၊ ဒုတိယ၊ တတိယ နှင့် အကောင်းဆုံးဆုရရှိသူများကို ဆုများ ချီးမြှင့်ခြင်းဖြစ်သည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ခရိုင်အဆင့် (၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား....

91 photos

ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၏ ဆုပေးပွဲ

159 photos
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ ကြော်ငြာ ~~~~~~~~~