ရှမ်းနှစ်သစ်ကူးပွဲတော်၏ တတိယမြောက်ည မြင်ကွင်း

ရှမ်းနှစ်သစ်ကူးပွဲတော်၏ တတိယမြောက်ည မြင်ကွင်း
ဒီဇင်ဘာ 20, 2015
By Tachileik News Agency

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင်ဖြစ်သည့် နေရာတွင် ရှမ်းတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အား ဒီဇင်ဘာလ(၁၈)ရက်နေ့က စ၍ ကျင်းပပြုလုပ်လျှက်ရှိရာ ယခု ဖော်ပြပါ ပုံများသည့် ပွဲတော်၏ တတိယမြောက်ည ဒီဇင်ဘာလ(၂၀)ရက်နေ့ ညပိုင်း၏ မြင်ကွင်းများ ဖြစ်ပါသည်။

ပွဲတော်ညတွင် တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေခြင်း၊ ပွဲလာရောက်သူများမှ ပွဲဈေးတန်းအတွင်း လှည့်လည်ခြင်းများဖြင့် စည်ကားစွာ တွေ့မြင်ရသည်။

ရှမ်းတိုင်းရင်းသားပွဲတော်အား ဒီဇင်ဘာလ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၄)ရက် တိုင်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်သည်။

ဓါတ်ပုံ။  ။ #ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net