အင်ဒိုနီးရှားနိုင်ငံ Seram ကျွန်းတစ်ဝိုက်၌ (၂)နာရီအတွင်း အလတ်စားနှင့် အပြင်းစား ငလျင် (၈)ကြိမ်တိတိလှုပ်သွား

အင်ဒိုနီးရှားနိုင်ငံ Seram ကျွန်းတစ်ဝိုက်၌ (၂)နာရီအတွင်း အလတ်စားနှင့် အပြင်းစား ငလျင် (၈)ကြိမ်တိတိလှုပ်သွား
ဒီဇင်ဘာ 9, 2015
By Tachileik News Agency

အင်ဒိုနီးရှားနိုင်ငံ Seram ကျွန်း အနီးတစ်ဝိုက်တွင် ယနေ့ ဒီဇင်ဘာလ (၉)ရက်နေ့ ညနေပိုင်းမှာ (၂)နာရီအတွင်း အလတ်စားနှင့် အပြင်းစားရှိ ငလျင် (၈)ကြိမ်ဆက်တိုက် လှုပ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။

အဆိုပါ ကျွန်း အနီးတစ်ဝိုက်တွင် ယနေ့ ဒီဇင်ဘာလ (၉)ရက်နေ့ ဒေသစံတော်ချိန် ညနေ(၅း၁၉)နာရီအချိန်က (၄.၇) ရစ်ချက်တာစကေးရှိ ငလျင်တစ်ကြိမ်၊ ညနေ(၅း၂၁)နာရီအချိန်တွင် (၆.၇)ရစ်ချက်တာစကေးရှိ ငလျင်တစ်ကြိမ်၊ ညနေ(၅း၅၀)နာရီအချိန်တွင် (၅.၀)ရစ်ချက်တာစကေးရှိ ငလျင်တစ်ကြိမ်၊ ည(၆း၁၅)နာရီအချိန်တွင် (၅.၂)ရစ်ချက်တာစကေးရှိ ငလျင်တစ်ကြိမ်၊ ည(၆း၃၄)နာရီအချိန်တွင် (၄.၉)ရစ်ချက်တာစကေးရှိ ငလျင်တစ်ကြိမ်၊ ည(၆း၅၃)နာရီအချိန်က (၄.၇)ရစ်ချက်တာစကေးရှိ ငလျင်တစ်ကြိမ် နှင့် ည(၇း၀၆)နာရီအချိန်တွင် (၅.၁)ရစ်ချက်တာစကေးရှိ ငလျင်တစ်ကြိမ် အပြင် ည(၇း၁၇)နာရီအချိန်က (၄.၉)ရစ်ချက်တာစကေးရှိ ငလျင်တစ်ကြိမ် စုစုပေါင်း ငလျင်(၈)ကြိမ် တိတိ လှုပ်ခတ်သွားခဲ့ပြီး ညနေ(၅း၂၁)နာရီအချိန်က လှုပ်ခတ်သွားခဲ့သော (၆.၇)အဆင့်ရှိ ငလျင်သည် အပြင်းဆုံး ဖြစ်သည်။

ည(၇)နာရီ (၁၇)မိနစ်အချိန်ထိ (၂)နာရီအတွင်း (၈)ကြိမ်တိတိ ငလျင်လှုပ်ခတ်သွားခဲ့သော Seram ကျွန်းသည် အင်ဒိုနီးရှားနိုင်ငံ၏ Maluku ခရိုင်အတွင်းမှာ တည်ရှိပြီး အချက်အခြာ အကျဆုံးနှင့် အကြီးမားဆုံး ကျွန်းဖြစ်ကြောင်း နှင့် အဆိုပါ ကျွန်းအနီးတစ်ဝိုက်တွင် ငလျင်မကြာခဏ လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။

Ref;seismology

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~