ထိုင္းႏိုင္ငံရွိ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမားမ်ားႏွင့္ ပတ္သက္၍ အခ်က္ (၅)ခ်က္ပါဝင္သည့္ အေရးေပၚထုတ္ျပန္ခ်က္ တစ္ရပ္ကို ထိုင္းႏိုင္ငံ အလုပ္သမားေရးရာ ဝန္ႀကီး႐ံုး၊ ေရႊ႕ေျပာင္း အလုပ္သမားေရးရာ ဌာနက ထုတ္ျပန္ေၾကညာ လိုက္ၿပီးေနာက္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားၾကား စိုးရိမ္မႈမ်ားျဖစ္ေနေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ၏ ထုတ္ျပန္ေၾကညာခ်က္အရ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ား အေနျဖင့္ ဗီဇာသက္တမ္း ကုန္ဆံုး ၿပီးေနာက္ အလုပ္ရွင္မွ ဆက္လက္ငွားရမ္းလိုပါက ႏွစ္ႏိုင္ငံအစိုးရ နားလည္မႈစာခၽြန္လႊာ(MOU)စနစ္သို႔ ေျပာင္းလဲ ငွားရမ္းရမည္ျဖစ္ေၾကာင္း ဒီဇင္ဘာ(၁၆)ရက္က ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။
“အခု ေၾကညာခ်က္က (၄)ႏွစ္၊ ဒါမွဟုတ္ (၆)ႏွစ္ ဗီဇာသက္တမ္း ကုန္ဆံုးတဲ့သူလို႔ ဆိုထားတယ္။ ကၽြန္ေတာ္တို႔ ေနအိမ္မွာ လုပ္ေနတဲ့ သူေတြက အလုပ္လက္မဲ့ျဖစ္ၿပီေပါ့ဗ်။ ေနာက္တစ္ခုက MOU စနစ္နဲ႔ဆိုေတာ့ အလုပ္တစ္ခု မႀကိဳက္လို႔ ေနာက္တစ္ခုကို လြယ္လြယ္ေျပာင္းလို႔ေကာ ရႏိုင္ပါ့မလား”ဟု ခ်င္း႐ိုင္းၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ခုတြင္ လုပ္ကိုင္ေနသူ ကိုေအာင္ေအာင္က ေျပာသည္။
အဆိုပါ ထုတ္ျပန္ေၾကညာခ်က္တြင္ လုပ္ငန္းရွင္ မဟုတ္ပါက ေရႊ႕ေျပာင္းအလုပ္သမား ေခၚယူ ငွားရမ္းျခင္း မျပဳႏိုင္ေၾကာင္း၊ ေနအိမ္တြင္ ေစခိုင္းရန္ အိမ္ေဖာ္ အလုပ္သမား ေခၚယူခြင့္ မျပဳေၾကာင္း၊ ျမန္မာအမ်ိဳးသမီး အလုပ္သမားအား ေခၚယူလိုပါက အနည္းဆံုး (၄)ဦးထက္မနည္း ေခၚယူရမည္ျဖစ္ေၾကာင္း ေဖၚျပထားသည္။
၎အျပင္ လုပ္ငန္းရွင္မ်ား အေနျဖင့္ ေရႊ႕ေျပာင္း အလုပ္သမား ေခၚယူလိုပါက တစ္ႀကိမ္လွ်င္ အနည္းဆံုး(၄၀၀)ဦးထက္ မပိုဘဲ ေခၚယူရမည္ျဖစ္ၿပီး ထိုင္းႏိုင္ငံ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား အဖြဲ႔ထံမွ သေဘာ တူညီမႈရရွိမွသာ ေခၚယူခြင့္ျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါဝင္သည္။
၂၀၁၃ ခုႏွစ္ ျမန္မာႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဦးစီးဌာန၏ စစ္တမ္းအရ ျမန္မာလုပ္သား ငါးသိန္းေက်ာ္ ထိုင္းႏိုင္ငံအတြင္း၌ ရိွေနေၾကာင္း သိရၿပီး ၂၀၁၅ ခုႏွစ္အတြင္း ထုိင္းႏိုင္ငံ အေျခစိုက္ ျမန္မာ NGO မ်ား၏ စစ္တမ္းအရ ျမန္မာလုပ္သား ေျခာက္သိန္းေက်ာ္ရိွေၾကာင္း သိရသည္။
( Unicode )
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် ပတ်သက်၍ အချက် (၅)ချက်ပါဝင်သည့် အရေးပေါ်ထုတ်ပြန်ချက် တစ်ရပ်ကို ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးရုံး၊ ရွှေ့ပြောင်း အလုပ်သမားရေးရာ ဌာနက ထုတ်ပြန်ကြေညာ လိုက်ပြီးနောက် ရွှေ့ပြောင်းမြန်မာလုပ်သားများကြား စိုးရိမ်မှုများဖြစ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ထုတ်ပြန်ကြေညာချက်အရ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အနဖြေင့် ဗီဇာသက်တမ်း ကုန်ဆုံး ပြီးနောက် အလုပ်ရှင်မှ ဆက်လက်ငှါးရမ်းလိုပါက နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ(MOU)စနစ်သို့ ပြောင်းလဲ ငှါးရမ်းရမည်ဖြစ်ကြောင်း ဒီဇင်ဘာ(၁၆)ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“အခု ကြေညာချက်က (၄)နှစ်၊ ဒါမှဟုတ် (၆)နှစ် ဗီဇာသက်တမ်း ကုန်ဆုံးတဲ့သူလို့ ဆိုထားတယ်။ ကျွန်တော်တို့ နေအိမ်မှာ လုပ်နေတဲ့ သူတွေက အလုပ်လက်မဲ့ဖြစ်ပြီပေါ့ဗျ။ နောက်တစ်ခုက MOU စနစ်နဲ့ဆိုတော့ အလုပ်တစ်ခု မကြိုက်လို့ နောက်တစ်ခုကို လွယ်လွယ်ပြောင်းလို့ကော ရနိုင်ပါ့မလား”ဟု ချင်းရိုင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် လုပ်ကိုင်နေသူ ကိုအောင်အောင်က ပြောသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် လုပ်ငန်းရှင် မဟုတ်ပါက ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူ ငှါးရမ်းခြင်း မပြုနိုင်ကြောင်း၊ နေအိမ်တွင် စေခိုင်းရန် အိမ်ဖော် အလုပ်သမား ခေါ်ယူခွင့် မပြုကြောင်း၊ မြန်မာအမျိုးသမီး အလုပ်သမားအား ခေါ်ယူလိုပါက အနည်းဆုံး (၄)ဦးထက်မနည်း ခေါ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းအပြင် လုပ်ငန်းရှင်များ အနဖြေင့် ရွှေ့ပြောင်း အလုပ်သမား ခေါ်ယူလိုပါက တစ်ကြိမ်လျှင် အနည်းဆုံး(၄၀၀)ဦးထက် မပိုဘဲ ခေါ်ယူရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အဖွဲ့ထံမှ သဘော တူညီမှုရရှိမှသာ ခေါ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စစ်တမ်းအရ မြန်မာလုပ်သား ငါးသိန်းကျော် ထိုင်းနိုင်ငံအတွင်း၌ ရှိနေကြောင်း သိရပြီး ၂၀၁၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ NGO များ၏ စစ်တမ်းအရ မြန်မာလုပ်သား ခြောက်သိန်းကျော်ရှိကြောင်း သိရသည်။