၂၀၁၅ခုနှစ်၊ (၉၅)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားကို တာချီလိတ်မြို့ ၊ ဆန်ဆိုင်းအခြေခံပညာ အထက်တန်းကျောင်းရှိ ခန်းမဆောင်၌ ယနေ့ ဒီဇင်ဘာလ (၆)ရက်၊ နံနက် (၉)နာရီက ကျင်းပပြုလုပ်ရာ တာချီလိတ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ ပြည်မြန်မာ ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့သော
(၉၅)နှစ်မြောက် အမျိုးသားနေ့ သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က ဖတ်ကြားသည်။
ထို့နောက် အခမ်းအနားတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန် က အလှူငွေဘတ် ငါးထောင်
နှင့် တာလော့အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမာ က
အလှူငွေဘတ်နှစ်ထောင်တို့အား လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ က ဂုဏ်ပြု
မှတ်တမ်းလွှာများ ပြန်လည်ပေး အပ်သည်။
ယင်းနောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရကျောင်းသား၊
ကျောင်းသူများအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် တို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး၊ ဆန်ဆိုင်းအခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ ဇာတိမာန် ” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရှိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ ကျော်နိုင်ထွန်း