တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္မွ နတ္ေမာက္ၿမိဳ႕သို႔ လူ(၃၃)ဦး တင္ေဆာင္သြားသည့္ ခရီးသည္တင္ (၁၄)ေပ ကန္ဒါအမ်ဳိးအစား ေမာ္ေတာ္ယာဥ္ တစ္စီးသည္ ဒီဇင္ဘာလ (၁)ရက္ေန႔ မြန္းလြဲ(၁)နာရီခြဲ ၀န္းက်င္ အခ်ိန္က ရွမ္းျပည္နယ္ ေတာင္ပိုင္း ကေလာၿမိဳ႕တြင္ တိမ္းေမွာက္ၿပီး ခရီးသည္မ်ား ဒဏ္ရာမ်ား ရရွိကာ ေဆး၀ါးကုသမႈ ခံယူေနရေၾကာင္း သိရသည္။
"ကားေပၚမွာ ခရီးသည္ (၃၃)ဦး ပါပါတယ္၊ ေတာင္ႀကီးေဆးရံုမွာ (၂၂)ဦး ေဆး၀ါးကုသမႈ ခံယူေနပါတယ္၊ က်န္တာကေတာ့ ကေလာေဆးရံုနဲ႔ ေအာင္ပန္းေဆးရံုမွာပါ၊ အေသအေပ်ာက္ေတာ့ မရွိပါဘူး၊ အမ်ားဆံုးကေတာ့ ေျခ/လက္ က်ဳိးတာေတြပါ၊ ျပင္းျပင္းထန္ထန္ ဒဏ္ရာ ေတာ့မရွိပါဘူး.."ဟု ကေလာၿမိဳ႕မရဲစခန္းမွ တာ၀န္မွဴး ဒုရဲအုပ္မင္းကိုကိုမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာျပသည္။
"၀က္ျဖဴေရရြာ ကားလမ္းေပၚက စက္သံုးဆီကြက္ေၾကာင့္ စလစ္ျဖစ္ၿပီး တိမ္းေမွာက္တာလို႔ သိရတယ္၊ ပထမဦးဆံုးေတာ့ ကေလာေဆးရံု နဲ႔ ေအာင္ပန္းက ေဆးရံုကို ပို႔ထားရၿပီး ေနာက္ပိုင္းေတာ့ ေတာင္ႀကီးေဆးရံုမွာ ပို႔ထားရတယ္လို႔ သိရပါတယ္.."ဟု ကေလာၿမိဳ႕ ေဒသခံ ကိုသားငယ္က ေျပာျပသည္။
မိုင္းေယာင္းမွာ အလုပ္လုပ္ၿပီး နတ္ေမာက္ကို အျပန္မွာ အခုလို ျဖစ္တာလို႔ သိရတယ္၊ အခု ယာဥ္တိမ္းေမွာက္တဲ့ ေနရာက အရင္ကလည္း ခဏခဏ ျဖစ္ပါတယ္၊ ယာဥ္ေမာင္းသူမ်ားအေနနဲ႔လည္း သတိႀကီးႀကီးထားၿပီး ေမာင္းမွ အဆင္ေျပမွာပါ.."ဟု ကေလာၿမိဳ႕ ေဒသခံ တစ္ဦးက ဆိုသည္။
( unicode )
တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှ နတ်မောက်မြို့သို့ လူ(၃၃)ဦး တင်ဆောင်သွားသည့် ခရီးသည်တင် (၁၄)ပေ ကန်ဒါအမျိုးအစား မော်တော်ယာဉ် တစ်စီးသည် ဒီဇင်ဘာလ (၁)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲ ဝန်းကျင် အချိန်က ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့တွင် တိမ်းမှောက်ပြီး ခရီးသည်များ ဒဏ်ရာများ ရရှိကာ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။
"ကားပေါ်မှာ ခရီးသည် (၃၃)ဦး ပါပါတယ်၊ တောင်ကြီးဆေးရုံမှာ (၂၂)ဦး ဆေးဝါးကုသမှု ခံယူနေပါတယ်၊ ကျန်တာကတော့ ကလောဆေးရုံနဲ့ အောင်ပန်းဆေးရုံမှာပါ၊ အသေအပျောက်တော့ မရှိပါဘူး၊ အများဆုံးကတော့ ခြေ/လက် ကျိုးတာတွေပါ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာ တော့မရှိပါဘူး.."ဟု ကလောမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်မင်းကိုကိုမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
( ကလောမြို့ မရောက်မီ )
"ဝက်ဖြူရေရွာ ကားလမ်းပေါ်က စက်သုံးဆီကွက်ကြောင့် စလစ်ဖြစ်ပြီး တိမ်းမှောက်တာလို့ သိရတယ်၊ ပထမဦးဆုံးတော့ ကလောဆေးရုံ နဲ့ အောင်ပန်းက ဆေးရုံကို ပို့ထားရပြီး နောက်ပိုင်းတော့ တောင်ကြီးဆေးရုံမှာ ပို့ထားရတယ်လို့ သိရပါတယ်.."ဟု ကလောမြို့ ဒေသခံ ကိုသားငယ်က ပြောပြသည်။
မိုင်းယောင်းမှာ အလုပ်လုပ်ပြီး နတ်မောက်ကို အပြန်မှာ အခုလို ဖြစ်တာလို့ သိရတယ်၊ အခု ယာဉ်တိမ်းမှောက်တဲ့ နေရာက အရင်ကလည်း ခဏခဏ ဖြစ်ပါတယ်၊ ယာဉ်မောင်းသူများအနေနဲ့လည်း သတိကြီးကြီးထားပြီး မောင်းမှ အဆင်ပြေမှာပါ.."ဟု ကလောမြို့ ဒေသခံ တစ်ဦးက ဆိုသည်။