ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား အသက်(၁၇)နှစ် အောက် အမျိုးသား ဘောလုံး ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို မိုင်းဖြတ်မြို့နယ်ရှိ မြို့မအားကစားကွင်း၌ ယနေ့ ဒီဇင်ဘာလ (၈)ရက်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဗိုလ်လုပွဲတွင် အထက(မိုင်းဖြတ်) ဘောလုံးအသင်းနှင့် ဟိုနား အထက(ခွဲ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ အထက(မိုင်းဖြတ်) ဘောလုံးအသင်းမှ (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ဆက်လက်၍ ပထမဆုရရှိသည့် အထက(မိုင်းဖြတ်) ဘောလုံးအသင်းအား တာချီလိတ်ခရိုင် အား/ကာမှူး ဦးအေးမင်းထွန်း မှ တစ်ဦးချင်းစီ ဆုတံဆိပ်များပေးအပ်ချီးမြှင့်ပြီး ဆုငွေ ကျပ်နှစ်သိန်းအား ချီးမြှင့်ပြီးနောက် ပထမဆုရ အထက(မိုင်းဖြတ်)ဘောလုံးအသင်းအား မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် မှ ဂုဏ်ပြုဆုဖလားချီးမြှင့်သည်။
ယခု ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည့် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ၌ အထက(မိုင်းဖြတ်) ဘောလုံးအသင်း နှင့် ဟိုနား အထက(ခွဲ)ဘောလုံးအသင်း အပါအ၀င် စုစုပေါင်း ဘောလုံးအသင်း (၇)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်း/ဓါတ်ပုံ။ ။ ကိုသာ