ဒီဇင်ဘာ အားကစားလ ဒုတိယ အပတ်အဖြစ် တာချီလိတ်မြို့၌ လူထုစုပေါင်း လမ်းလျှောက်ပွဲ ဆင်နွှဲ

ဒီဇင်ဘာ အားကစားလ ဒုတိယ အပတ်အဖြစ် တာချီလိတ်မြို့၌ လူထုစုပေါင်း လမ်းလျှောက်ပွဲ ဆင်နွှဲ
ဒီဇင်ဘာ 12, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာ ကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာအားကစားလ ဒုတိယအပတ်အဖြစ် လူထုလှုပ်ရှားမှု စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာလ (၁၂)ရက်၊ နံနက် (၅)နာရီက ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ရှမ်းရိုးမကုန်တိုက်ရှေ့ စုရပ်မှ စတင်ကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြို့မအားကစားကွင်း အထိ တပျော်တပါး စုပေါင်းပါဝင်လမ်းလျှောက်ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်နှင့်မြို့နယ် ဌာန ဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ် နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အဖွဲ့ဝင်များ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပြည်သူများ စုပေါင်းကာ ရှမ်းရိုးမကုန်တိုက်ရှေ့ စုရပ်မှ ဗိုလ်ချုပ် လမ်းမကြီးအတိုင်း မြို့မအားကစား ကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ကြပြီး၊ အားကစားကွင်း အတွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အတွဲ(၁) နှင့် (၂)တို့ကို စုပေါင်းလေ့ကျင့်ကြသည်။

ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့များဖြစ်သည့် ( ၅.၁၂.၂၀၁၅) ပထမအပတ်ပြီးခဲ့ပြီးနောက် ဒုတိယအပတ်ဖြစ်သည့် ယနေ့( ၁၂.၁၂.၂၀၁၅ )နေ့နံနက်မှာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ဆက်လက်၍ ( ၁၉.၁၂.၂၀၁၅ ) နှင့် ( ၂၆.၁၂.၂၀၁၅ )နေ့ရက်များတွင်လည်း နံနက်(၅)နာရီအချိန်၌ ရှမ်းရိုးမကွင်းအတွင်း စုရပ်အဖြစ် သတ်မှတ်ထားရှိပြီး ထိုမှ တဆင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား အနီးရှိ မြို့မအားကစားကွင်းအထိ လမ်းလျှောက်ကာ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်သွားမှာဖြစ်သည့် အတွက် တာချီလိတ်ရှိ ပြည်သူများအနေဖြင့် ပါဝင် ဆင်နွှဲနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~