ကိုယ်လက်လှုပ်ရှား အားကစား၊ လူထုလမ်းလျှောက်ပွဲ တာချီလိတ်၌ ဒီဇင်ဘာလအတွင်း စနေနေ့တိုင်း ပြုလုပ်မည်

ကိုယ်လက်လှုပ်ရှား အားကစား၊ လူထုလမ်းလျှောက်ပွဲ တာချီလိတ်၌ ဒီဇင်ဘာလအတွင်း စနေနေ့တိုင်း ပြုလုပ်မည်
ဒီဇင်ဘာ 1, 2015
By Tachileik News Agency

နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း မြန်မာတစ်နိုင်ငံလုံးတွင် စနေနေ့ နံနက်ပိုင်း လူထုလှုပ်ရှား အားကစားအဖြစ် လူထုလမ်းလျှောက်ပွဲများ ပြုလုပ်လျက်ရှိရာ ယခု ၂၀၁၅ခုနှစ်၏ ဒီဇင်ဘာလ စနေနေ့တိုင်းတွင် တာချီလိတ်၌လည်း လူထုလမ်းလျှောက်ပွဲများကို (၄)ကြိမ်တိုင်တိုင် ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့များဖြစ်သည့် ( ၅.၁၂.၂၀၁၅)၊ ( ၁၂.၁၂.၂၀၁၅ )၊ ( ၁၉.၁၂.၂၀၁၅ ) နှင့် ( ၂၆.၁၂.၂၀၁၅ ) စသည့် နေ့ရက်များတွင် နံနက်(၅)နာရီအချိန်၌ ရှမ်းရိုးမကွင်းအတွင်း စုရပ်အဖြစ် သတ်မှတ်ထားရှိပြီး ထိုမှ တဆင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား အနီးရှိ မြို့မအားကစားကွင်းအထိ လမ်းလျှောက်ကာ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်သွားမှာဖြစ်သည့် အတွက် တာချီလိတ်ရှိ ပြည်သူများအနေဖြင့် ပါဝင် ဆင်နွှဲနိုင်မှာဖြစ်သည်။

ထိုသို့လူထုလမ်းလျှောက်ပွဲ ပြုလုပ်ရာတွင် တာချီလိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မနှင့်ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ နှင့် ပြည်သူအများ ပါဝင်ကြမှာဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~