တာခ်ီလိတ္ၿမိဳ႕၏ အသီးအႏွံ ေစ်းကြက္အတြင္း၌ ေထာပတ္သီးေစ်းကြက္မွာ တင္သြင္းသူ မ်ားျပားလာသည့္ အတြက္ ေစ်းႏွဳန္းအနည္းငယ္ တက္လာျခင္းေၾကာင့္ ၀ယ္လိုအား က်လာေၾကာင္း သစ္သီး ကုန္သည္မ်ားထံမွ သိရသည္။
"ကၽြန္ေတာ္တို႔ တစ္ကီလို (၄၀)ဘတ္နဲ႔ လက္လီေရာင္းတာ တစ္ရက္ (၅)ကီလို (၆)ကီလိုေလာက္ပဲ ေရာင္းရတယ္၊ အရင္ႏွစ္ေတြတုန္းက တစ္ရက္ကို (၁၀)ကီလိုေလာက္ ေရာင္းရတယ္၊ အဓိက ဒိုင္ေတြ မ်ားလာတာေၾကာင့္ပါ..."ဟု ဘုရင့္ေနာင္ေစ်းအတြင္း သစ္သီးေရာင္းခ်သူ ဦးေမာင္က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕သို႔ တင္သြင္းေသာ သစ္သီးမ်ားမွာ ေတာင္ႀကီးဘက္မွ တင္သြင္းလာျခင္းျဖစ္ၿပီး၊ လက္လီေစ်းသည္မ်ား အေနျဖင့္ လွည္းမ်ားျဖင့္ ၿမိဳ႕ပတ္ေရာင္းေသာ သစ္သီးသည္မ်ားႏွင့္ အိမ္စားသံုးသူမ်ားအား တဆင့္ျပန္လည္ ေရာင္းခ်ရျခင္းျဖစ္ေၾကာင္း၊ ေထာပတ္သီး ေရာင္းအား က်လာျခင္းေၾကာင့္ ပုတ္သြားကာ အိတ္လိုက္ စြန္႔ပစ္ရျခင္းမ်ားရွိေၾကာင္း ႏွင့္ တစ္အိတ္လွ်င္ (၁၅)ကီလိုခန္႔ ပါ၀င္ေၾကာင္း ၎ထံမွ သိရသည္။
"ေထာပတ္သီး ေစ်းႏွဳန္းက မႏွစ္တုန္းက ကၽြန္ေတာ္တို႔ ေရာင္းခ်တဲ့ ေစ်းႏွဳန္းထက္ နည္းနည္းပိုတက္တယ္ အဓိက သယ္ယူပို႔ေဆာင္ခနဲ႔ ေငြေစ်း အတက္အက်ေၾကာင့္လည္းပါတယ္၊ အမ်ားႀကီး ေစ်းတင္တာ မဟုတ္ဘူး (၂)ဘတ္၊ (၃)ဘတ္ေလာက္ ဒါမွ ကၽြန္ေတာ္တို႔လည္း က်န္မွာမို႔ပါ.."ဟု ေတာင္ႀကီးမွ တင္သြင္းလာေသာ ေထာပတ္သီးဒိုင္ ကိုမ်ိဳးက ေျပာသည္။
ေထာက္ပတ္သီး (၁)ကီလိုလွ်င္ ယခုႏွစ္ရာသီခ်ိန္တြင္ ယခင္ႏွစ္က ဘတ္(၂၀)ခန္႔ ေရာင္းခ်ေသာ အသီးအား (၂၃)ဘတ္ခန္႔ ေရာင္းခ်ရေၾကာင္း၊ သစ္သီး အလံုးအရည္အေသြးေပၚ မူတည္၍ ေစ်းႏွဳန္း ကြဲျပားမႈရွိေၾကာင္း၊ အသီး မလွေသာ ေထာပတ္သီးအား (၁၀)ဘတ္မွ (၁၅)ဘတ္ထိ ေရာင္းခ်ရေၾကာင္း တန္း၀င္ အသီးမ်ားမွာ (၂၅)ဘတ္ခန္႔ ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။
ေထာပတ္သီးအား တာခ်ီလိတ္ၿမိဳ႕သို႔ ေတာင္ႀကီးၿမိဳ႕ဘက္ရွိ ေထာပတ္သီး ၿခံမ်ားမွ အမ်ားဆံုး တင္သြင္းျခင္းျဖစ္ၿပီး၊ ၿမိဳ႕ေပၚရွိ တြန္းလွည္းျဖင့္ ေရာင္းခ်သူ လက္လီေရာင္းခ်သူႏွင့္ ထုိင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕သို႔ အမ်ားဆံုး ေရာင္းခ်ရျခင္းျဖစ္ေၾကာင္း သိရၿပီး ေထာပတ္သီးေစ်းကြက္မွာ ေဆာင္းဦး ရာသီတြင္ အသီးထြက္သျဖင့္ ေရာင္းခ်ရျခင္းျဖစ္ေၾကာင္း ေထာပတ္သီးတင္သြင္းေသာ ဒိုင္အသိုင္းအ၀ိုင္းမွ သိရသည္။
သတင္း/ဓါတ္ပံု။ ။ ေဇာင္းညီ
**************
( unicode )
တာချီလိတ်မြို့၏ အသီးအနှံ ဈေးကွက်အတွင်း၌ ထောပတ်သီးဈေးကွက်မှာ တင်သွင်းသူ များပြားလာသည့် အတွက် ဈေးနှုန်းအနည်းငယ် တက်လာခြင်းကြောင့် ဝယ်လိုအား ကျလာကြောင်း သစ်သီး ကုန်သည်များထံမှ သိရသည်။
"ကျွန်တော်တို့ တစ်ကီလို (၄၀)ဘတ်နဲ့ လက်လီရောင်းတာ တစ်ရက် (၅)ကီလို (၆)ကီလိုလောက်ပဲ ရောင်းရတယ်၊ အရင်နှစ်တွေတုန်းက တစ်ရက်ကို (၁၀)ကီလိုလောက် ရောင်းရတယ်၊ အဓိက ဒိုင်တွေ များလာတာကြောင့်ပါ..."ဟု ဘုရင့်နောင်ဈေးအတွင်း သစ်သီးရောင်းချသူ ဦးမောင်က ပြောသည်။
တာချီလိတ်မြို့သို့ တင်သွင်းသော သစ်သီးများမှာ တောင်ကြီးဘက်မှ တင်သွင်းလာခြင်းဖြစ်ပြီး၊ လက်လီဈေးသည်များ အနဖြေင့် လှည်းများဖြင့် မြို့ပတ်ရောင်းသော သစ်သီးသည်များနှင့် အိမ်စားသုံးသူများအား တဆင့်ပြန်လည် ရောင်းချရခြင်းဖြစ်ကြောင်း၊ ထောပတ်သီး ရောင်းအား ကျလာခြင်းကြောင့် ပုတ်သွားကာ အိတ်လိုက် စွန့်ပစ်ရခြင်းများရှိကြောင်း နှင့် တစ်အိတ်လျှင် (၁၅)ကီလိုခန့် ပါဝင်ကြောင်း၎င်းထံမှ သိရသည်။
"ထောပတ်သီး ဈေးနှုန်းက မနှစ်တုန်းက ကျွန်တော်တို့ ရောင်းချတဲ့ ဈေးနှုန်းထက် နည်းနည်းပိုတက်တယ် အဓိက သယ်ယူပို့ဆောင်ခနဲ့ ငွေဈေး အတက်အကျကြောင့်လည်းပါတယ်၊ အများကြီး ဈေးတင်တာ မဟုတ်ဘူး (၂)ဘတ်၊ (၃)ဘတ်လောက် ဒါမှ ကျွန်တော်တို့လည်း ကျန်မှာမို့ပါ.."ဟု တောင်ကြီးမှ တင်သွင်းလာသော ထောပတ်သီးဒိုင် ကိုမျိုးက ပြောသည်။
ထောက်ပတ်သီး (၁)ကီလိုလျှင် ယခုနှစ်ရာသီချိန်တွင် ယခင်နှစ်က ဘတ်(၂၀)ခန့် ရောင်းချသော အသီးအား (၂၃)ဘတ်ခန့် ရောင်းချရကြောင်း၊ သစ်သီး အလုံးအရည်အသွေးပေါ် မူတည်၍ ဈေးနှုန်း ကွဲပြားမှုရှိကြောင်း၊ အသီး မလှသော ထောပတ်သီးအား (၁၀)ဘတ်မှ (၁၅)ဘတ်ထိ ရောင်းချရကြောင်း တန်းဝင် အသီးများမှာ (၂၅)ဘတ်ခန့် ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
ထောပတ်သီးအား တာချီလိတ်မြို့သို့ တောင်ကြီးမြို့ဘက်ရှိ ထောပတ်သီး ခြံများမှ အများဆုံး တင်သွင်းခြင်းဖြစ်ပြီး၊ မြို့ပေါ်ရှိ တွန်းလှည်းဖြင့် ရောင်းချသူ လက်လီရောင်းချသူနှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ အများဆုံး ရောင်းချရခြင်းဖြစ်ကြောင်း သိရပြီး ထောပတ်သီးဈေးကွက်မှာ ဆောင်းဦး ရာသီတွင် အသီးထွက်သဖြင့် ရောင်းချရခြင်းဖြစ်ကြောင်း ထောပတ်သီးတင်သွင်းသော ဒိုင်အသိုင်းအဝိုင်းမှ သိရသည်။
သတင်း/ဓာတ်ပုံ။ ဇောင်းညီ