အာခါရိုးရာ နှစ်သစ်ကူးပွဲ တာချီလိတ်၌ (၃)ရက် တိုင်တိုင် ကျင်းပမည်

အာခါရိုးရာ နှစ်သစ်ကူးပွဲ တာချီလိတ်၌ (၃)ရက် တိုင်တိုင် ကျင်းပမည်
ဒီဇင်ဘာ 15, 2015
By Tachileik News Agency
တာချီလိတ်မြို့ အာခါစာပေနှင့် အာခါရိုးရာ ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးကျင်းပသည့် အဋ္ဌမအကြိမ်မြောက် အာခါစုပေါင်း ခါးထောင်းဖါးပွဲတော်ကြီးကို ယနေ့ ဒီဇင်ဘာလ (၁၅)ရက်နေ့ ညပိုင်းတွင် စတင် ကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲအား ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
နှစ်သစ်ကူးပွဲအား ဒီဇင်ဘာလ (၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၇)ရက်နေ့အထိ (၃)ရက် တိုင်တိုင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပပြုလုပ်မှာဖြစ်ရာပွဲတော်အတွင်း အာခါရိုးရာ အသုံးအဆောင်ပစ္စည်းများနှင့် အ၀တ်အထည်များကို ရောင်းချသွားမှာ ဖြစ်သည့်အတွက် မည်သူမဆို ၀ယ်ယူနိုင်မှာ ဖြစ်ကြောင်း သိရသည်။
"အာခါရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှမ်း(အရှေ့)မှာ ရှိတဲ့ အာခါတိုင်းရင်းသားတွေ တော်တော်များများ လာကြမှာပါ၊ ထိုင်း၊ တရုတ်၊ လာအိုဘက်က အာခါတိုင်းရင်းသား လူမျိုးစုတွေလည်း လာကြမှာပါ"ဟု ပွဲကျင်းပရေး ကော်မတီဝင် တစ်ဦးက ပြောသည်။

အာခါတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၌ အများဆုံး နေထိုင်ကြသည့် တိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီထောင်၍ ၀င်ရောက်ယှဉ်ပြိုင်ရာ ရှမ်းပြည်နယ်တွင် အာခါတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား ရရှိထားကြောင်း သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~